မေပန်းချီဆိုတဲ့ ချစ်စရာကောင်တဲ့ မင်းသမီးလေးကို အားလုံးပဲသိကြလိမ့်မယ်လို့ထင်ပါတယ်။ သိပ်ကို ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးနဲ့ ခပ်လှလှ ခန္ဓာကိုယ်လေးကြောင့် အရင်က လူသိများခဲ့ပေမယ့်လည်း အခုနောက်ပိုင်းမှာ အပြုံးချိုချိုလေးနဲ့ Live Saleလေးတွေရောင်းခဲ့တာကြောင့်လူသိများခဲ့သူဆိုရင်လည်းမမှားပါဘူးနော်...

ကျက်သရေရှိတဲ့ အလှနဲ့ လုံးကြီးပေါက်လှတဲ့သူမဟာ တစ်ခြားမိန်းကလေးတွေလိုတော့ မပိန်သွယ်ပေမယ့်လည်း ခပ်မိုက်မိုက် Body ကြောင့်လူကြိုက်ပိုလို့များလာခဲ့ပါတယ်. မိခင်ကြီးရှိစဉ်ကတည်းက မိဘနဲ့မိသားစုကိုလုပ်ကျွေးခဲ့တဲ့ သူလေးဆိုရင်လည်းမမှားပါဘူးနော်...

အကူညီမဲ့နေတဲ့သူတွေကို အားပေးကူညီတတ်ပြီး ကိုယ်နဲ့ဆွေမျိုးနီးစပ်မဟုတ်ရင်တောင် စေတနာရှေ့ထားကူညီပေးတတ်သူပါနော်... ညီမငယ်လေးဖြစ်သူအပေါ်လည်း အမကြီးအမိရာ ဆိုသလို အမြဲဖေးမအားပေးတတ်ပြီး ညီမလေးရဲ့အောင်မြင်မှုတိုင်းကို ဂုဏ်ယူ ကျေနပ်နေသူပါ။

ညီမလေးအတွက်ဆိုမားမားမတ်မတ်ရပ်တည်ပေးတဲ့ supportive အမကြီးပေါ့။
အမြဲဆိုသလို အလုပ်တွေကို ကြိုးကြိုးစားစားလုပ် တတ်ပြီး ဆိုင်ရှင်တွေနဲ့ ဝယ်သူတွေကြား အမြဲအဆင်ပြေအောင်ကြိုးစားရောင်းချပေးတတ်တဲ့သူပါ။

အလုပ်တွေကိုကြိုးကြိုးစားစားနဲ့လုပ်ကိုင်နေတဲ့အချိန်တခါတလေ ခန္ဓာကိုယ်က အားနည်းလာပြီး အင်အာယုတ်လျော့လာတာမျိုးတွေလည်းရှိမှာပေါ့နော်...

အခုလည်း Live Sale လွှင့်ပြီးအပြန် ဆံထုံးတောင် မဖြည်ရသေးပဲ ဆေးသွင်းနေတဲ့ပုံလေးကိုတင်ထားခဲ့ပါတယ်။ ဘယ်လောက်တောင် ပင်ပန်းနေတဲ့ရုပ်လေးလည်းနော်...
Source from May Panche Facebook
Photos credit from Facebook





