ဟိုတလောက နေမကာင်းဖြစ်လို့ ဆေးရုံတက် နေရတဲ့ မင်းသားဟိန်းမင်းသူကို အားလုံးပဲသိကြမှာပါ...
အခုတော့ နေပြန်ကောင်းလို့ အနုပညာအလုပ်တွေကို တက်တက်ကြွကြွ ပြန်လုပ်နေပါပြီနော်...

မကြာခင်ကလည်း ကိုမျိုးကြီးတို့နဲ့ ခရစ်ယာန်ဘာသာ သီချင်းမှာပါဝင်ခဲ့သလို အခုလည်း မမသင်ဇာ အတွက် သီချင်းအသစ် တီးပေး ရေးပေးနေတယ်လို့ဆိုပါတယ်။

သူ့ရဲ့ အအောင်မြင်ဆုံး နဲ့ လူကြိုက်များဆုံး ဇာတ်လမ်းတွဲကို ပြောပါဆိုရင် " တို့မမနဲ့တို့ "ပါပဲ။
ဒီကားထဲမှာ gay ကာရိုက်တာနဲ့သရုပ်ဆောင်တာပီပြင်လွန်းလို့ပရိတ်သတ်တွေက ပိုပြီး ချစ်ခင်အားပေးလာကြပါတယ်။
ဟိန်းမင်းသူတစ်ယောက်အနုပညာလောကထဲကနေ ပျောက်နေတာကြာပါပြီ။
မကြာသေးခင်က သူတင်ထားခဲ့တဲ့ ပိုစ့်တစ်ခုမှာ သူနေမကောင်းကြောင်းနဲ့ သူအသားစ စစ်ထားရတယ်ဆိုတဲ့အကြောင်း ကို ရေးသားထားခဲ့ပါတယ်။

ဒါကြောင့်လည်းသူ့ကို ချစ်တဲ့ ပရိတ်သတ်တွေက သူ့ကျန်းမာရေးအတွက်စိတ်ပူနေကြရတာပါ။
အခုလို မမသင်ဇာအတွက် သီချင်းတွေ ဖန်တီးပေးနေတယ်လို့ ကြားတော့ သူ့အတွက် တကယ်ဝမ်းသာစရာပါပဲနော်...

အရင်ကလည်း ဟိန်းမင်းသူရဲ့ သီချင်တွေမှာလည်း မမသင်ဇာနဲ့အတွဲညီညီ သရုပ်ဆောင်ထားခဲ့ တာတွေရှိတော့ ဒီတစ်ခေါက် နှစ်ယောက်သားပေါင်းစပ်ထားတဲ့ သင်ဇာ့ရဲ့Solo song အသစ်လေးကလည်း ဘယ်လိုလေးဖြစ်လာဦးမလဲဆိုတာ ရင်ခုန်စွာနဲ့ စောင့်မျှော်နေရဦးမှာပါပဲ...

Source from Hein Min Thu Facebook
Photos credit from Facebook





