တောင်ကိုရီးယား မင်းသမီး Kang So-ra ဟာဆိုရင် မကြာသေးမီက ရင်သွေးလေး မွေးပြီးနောက်မှာသူမရဲ့ လက်ရှိအခြေအနေကို ချပြလာခဲ့ပါတယ်။

တောင်ကိုရီးယား မင်းသမီး Kang So-ra က၂၀၂၀ ခုနှစ် ၊ ဩဂုတ်လတုန်းကသူမ ချစ်ရတဲ့ ဆရာဝန်လေးနဲ့ လက်ထပ်ထားတာဖြစ်ပါတယ်။ Kang So-ra ရဲ့ ခင်ပွန်းက Kang So-ra ထက် ၈ နှစ်ကြီးတဲ့ အရှေ့တိုင်း ဆရာဝန်တစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။

Kang So-ra နဲ့ သူမခင်ပွန်းတို့က ၂၀၂၀ ခုနှစ်မှာ လက်ထပ်ခဲ့ ကြပေမယ့် မင်္ဂလာပွဲကိုတော့ ကိုဗစ်ရောဂါကြောင့် မကျင်းပဖြစ်ခဲ့ကြဘူးလို့ သိရပါတယ်။ ဒါကြောင့် သူတို့နှစ်ဦး လက်ထပ်တာကို ဘယ်သူမှ သိပ်ပြီး မသိလိုက်ကြပါဘူး။

Kang So-ra တစ်ယောက် ကလေးမွေးတော့မှသာ သူမလက်ထပ်ပြီးသွားပြီဆိုတာကို ပရိသတ်တွေက သိခဲ့ကြတာဖြစ်ပါတယ်။ ရင်သွေးလေးမွေးဖွား ပြီးနောက်မှာတော့ Kang So-ra ဟာ အနုပညာလှုပ်ရှားမှုတွေပြန်လည်ပြီး လုပ်ဆောင်သွားမယ်လို့ သိရှိရပါတယ်။

ခင်ပွန်းဖြစ်သူနဲ့လူမသိ လျို့ဝှက်စွာ လက်ထပ်ပြီး ရင်သွေးလေးတစ်ယောက် ရရှိပိုင်ဆိုင်ထားပြီဖြစ်တဲ့ တောင်ကိုရီးယား မင်းသမီး Kang So-ra ရဲ့ အကြောင်းလေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။