တမူထူးခြားတဲ့ အလှတရားတွေအပြင် ဆွဲဆောင်မှုရှိတဲ့ အပြုံးလေးတွေကိုပိုင်ဆိုင်ထားပြီး ချောမောလှပနေတဲ့ သူကတော့ စိုးပြည်သဇင်ပဲ ဖြစ်ပါတယ်။ မင်းသမီးချောလေး စိုးပြည့်သဇင်ဟာ အနုပညာနယ်ပယ်မှာ အကောင်းဆုံးလျှောက်လှမ်းနေတဲ့ အနုပညာရှင် တစ်ယောက်ပါ။ သူမဟာ ဇာတ်ကားများစွာကို ပါဝင်ရိုက်ကူးထားပြီး သဘာဝကျတဲ့ သရုပ်ဆောင်မှုတွေကြောင့် အကယ်ဒမီဆုကိုလည်း ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်။


လက်ရှိအချိန်ထိလည်း အနုပညာတွေကိုဆက်တိုက် လုပ်ကိုင်နေခဲ့ပြီး အကောင်းဆုံးကြိုးစားလုပ်ကိုင်နေတာ ဖြစ်ပါတယ်။ စိုးပြည့်ဟာ အေးဆေးတည်ငြိမ်စွာ နေတတ်သလို စိတ်သဘောထားပြည့်ဝတဲ့သူဖြစ်ပြီး သူတစ်ပါးကို အမြဲကူညီတတ်တဲ့ စိတ်ထားလေးကြောင့် လူများရဲ့ ချစ်ခင်ခြင်းကိုလည်း အပြည့်အဝရရှိထားတာဖြစ်ပါတယ်။


ဒီကနေ့မှာတော့ စိုးပြည့်သဇင်က မြင်သူတိုင်း ချစ်အားပိုလောက်မယ့် ပုံရိပ်လေးတွေကို မျှဝေလာခဲ့တာ တွေ့ရပါတယ်။ ပုံလေးတွေထဲမှာတော့ သူမဟာ ရိုးရှင်းအေးချမ်းလှတဲ့ အနီရောင် မြန်မာဝတ်စုံလေးနဲ့ လှပကျော့ရှင်းစွာ ချစ်စရာကောင်းနေတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း စိုးပြည့်ရဲ့ ပုံရိပ်လေးတွေကို သဘောကျခဲ့ပြီး ချစ်အားပိုခဲ့ကြတာ တွေ့ရပါတယ်။ ရိုးရိုးယဥ်ယဥ် လေးနဲ့ မယ်မဒီလေးလို လှပချောမောတဲ့ စိုးပြည့်သဇင်ရဲ့ ပုံရိပ်လေးတွေကို ချစ်တဲ့ပရိသတ်တွေ ပြန်လည်ကြည့်ရှုနိုင်အောင် ဖော်ပြပေးလိုက်ရပါတယ်။


သတင်း အရင်းအမြစ်៖ Source - Soe Pyae Thazin





