အရင်ခေတ်က မြန်မာကားတွေမှာ စကားမပီကလာ ပီကလာလေးပြောရင်း အလွမ်းအဆွေး အငိုခန်းတွေမှာ သရုပ်ဆောင်လိုက်တာနဲ့ ပရိတ်သတ်တွေကို မျက်ရည်ဖြိုင်ဖြိုင်ကျစေခဲ့တဲ့ ကလေးသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဂျူလီယာပါဝါ ကို မှတ်မိကြဦးမယ်ထင်ပါတယ်။


ဂျူလီယာပါဝါ ဟာ ဒါရိုက်တာ အောင်ဗပါဝါ ရဲ့ သမီးဖြစ်ပြီး သူမ ဟာ အသက်(၂)နှစ်အရွယ်တည်းက အနုပညာလောကထဲမှာ စတင် လှုပ်ရှားနေပြီဖြစ်ပါတယ်။ သူမ သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားတွေတိုင်းဟာ သူမရဲ့အငိုအပြောတွေကြောင့် တကယ်ကို ပေါက်ခဲ့တဲ့ကားတွေချည်းပါပဲ။


ခုချိန်မှာတော့ ဂျူလီယာပါဝါလေးဟာ အတော်လေးအရွယ်ရောက်လာပြီး အပျိုကြီးမမ ဖြစ်နေပါပြီ။ ဂျူလီယာ ဟာ ဒီဇိုင်နာတစ်ယောက်ဖြစ်အောင်ကြိုးစားနေတယ်လို့ သိရပါတယ်။ ပရိတ်သတ်တွေမမှတ်မိရလောက်အောင် အရမ်းကို ချစ်စရာကောင်းပြီး လှသွေးကြွယ်နေတဲ့ ဂျူလီယာပါဝါ လေး ရဲ့ အလှပုံရိပ်တွေကို ပရိတ်သတ်ကြီးကြည့်ရှုနိုင်စေရန် ဖော်ပြလိုက်ရပါတယ်။





