ခင်ပွန်းဖြစ်သူနဲ့ လက်ထပ်ပြီး ၂ လအကြာမှာ ဆုံးပါးသွားခဲ့ရတဲ့ တောင်ကိုရီးယားမင်းသမီး Han Ji Seong

//s9.kh1.co/49/49ed78cc71a17e7303b1ed94b516b15bd6cbdb6d.jpeg
အနုပညာရှင်များ

 ၁၈-ဇွန်-၂၀၂၂ ၈am · လွန်ခဲ့သော ၄ နှစ် က

ခင်ပွန်းဖြစ်သူနဲ့ လက်ထပ်ပြီး ၂ လအကြာမှာ ဆုံးပါးသွားခဲ့ရတဲ့ တောင်ကိုရီးယားမင်းသမီး Han Ji Seong


တောင်ကိုးရီးယားမင်းသမီး Han Ji Seong ဟာဆိုရင် ပရိသတ်တွေရဲ့ အားပေးမှု တခဲနက်ရရှိနေတဲ့အချိန် မှာကွယ်လွန်ခဲ့တဲ့သူဖြစ်ပါတယ်။ သူမဟာ လက်ထပ်ပြီး ၂ လအကြာမှာ ဆုံးပါးသွားခဲ့ရတဲ့ တောင်ကိုရီးယားရဲ့ တစ်ဦးတည်းသောအနုပညာရှင် ဖြစ်ပါတယ်။ 

Google 
Google 
Google
Google

Han Ji Seong  က သူမရဲ့ ပွဲဦးထွက်ကို အဆိုတော်အဖြစ်နဲ့ စတင်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ သရုပ်ဆောင်လောကထဲကိုရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ သူမ ပါဝင်ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွေက SBS ဒရမ်မာတွေဖြစ်တဲ့“Second to Last Love” ၊ “Happy Sisters” နဲ့  “One Punch.” တို့ပဲ ဖြစ်ပါတယ်။

Google
Google
Google
Google

Han Ji Seong က ၂၀၁၉ ခုနှစ် မတ်လမှာ တောင်ကိုရီးယားမှာ နာမည်ကြီးတဲ့ ရှေ့နေ တစ်ယောက်နဲ့ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ Han Ji Seong  ဟာ ခင်ပွန်း ဖြစ်သူနဲ့ လက်ထပ်အပြီး ၂ လအကြာ (မေလ ၊ ၂၀၁၉ ခုနှစ်) မှာ အမြန်လမ်းမကြီး ပေါ်မှာ ဖြစ်ခဲ့တဲ့ ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့ရတာဖြစ်ပါတယ်။ 

Google
Google
Google
Google

စစ်ဆေးတွေ့ရှိချက်တွေအရ ယာဉ်မတော်တဆမှု ဖြစ်ခဲ့စဉ်က Han Ji Seong က အရက်သောက်ထားတယ်လို့ သိရပြီး alcohol level 0.1 အထိ ရှိတယ်လို့ သိရပါတယ်။ 

Han Ji Seong က သူမ အမျိုးသားဖြစ်သူနဲ့အတူ ကားမောင်းလာရင်း အမျိုးသားဖြစ်သူက သန့်စင်ခန်း အမြန်သွားချင်လာတာကြောင့် ကားကို အဝေးပြေး လမ်းမ အလယ်မှာ ရပ်ခဲ့ရင်း အမြန်မောင်းလာတဲ့ ကားနဲ့ တိုက်မိခဲ့တာလို့ သိရပါတယ်။ 

Google
Google

ခင်ပွန်းဖြစ်သူ ပြန်လာချိန်မှာ ယာဉ်တိုက်မှုက ဖြစ်ပြီးနေပြီး အမျိုးသမီး ဖြစ်သူHan Ji Seong ဟာ လည်း ယာဉ်နှစ်စီးကြားမှာ ညှပ်နေခဲ့တယ်လို့ သိရပါတယ်။ နာမည်ရအောင်မြင်နေတဲ့အချိန် ၊ လက်ထပ်ပြီး ၂ လအကြာမှာ ကံဆိုးစွာနဲ့ လူ့လောကထဲကနေ ထွက်သွားခဲ့ရတဲ့ တောင်ကိုရီးယား အဆိုတော် ၊ သရုပ်ဆောင် Han Ji Seong အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ 

Google
Google
Google
Google
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T