ဆွဲဆောင်မှုရှိတဲ့ အပြုံးလေးတွေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိနေတဲ့ သူကတော့ မင်းသမီးချောလေး ဝေလာရီ ပဲ ဖြစ်ပါတယ်။ ဝေလာရီ ဟာ MRTV - 4 ရုပ်သံဇာတ်လမ်းတွဲကနေ သရုပ်ဆောင်ရင်း အနုပညာနယ်ပယ်မှာ နေရာတစ်နေရာကို ရပ်တည်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ မွန်တိုင်းရင်းသူလေးတစ်ယောက်လည်း ဖြစ်တာကြောင့် ချစ်စရာအပြုံးချိုချိုလေးတွေက ပရိသတ်တွေကိုဖမ်းစားထားနိုင်တဲ့သူလေး ဖြစ်ပါတယ်။


လတ်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ညာတွေအပြင် Live Sale ကိုလည်း လုပ်ကိုင်လျက်ရှိတာ တွေ့ရပါတယ်။ ဝေလာရီ ဟာ လူငယ်တစ်ယောက် ဖြစ်ပေမယ့် ဘာသာတရား ကိုင်းရှိုင်းတဲ့သူဖြစ်သလို အလှူအတန်းတွေကိုလည်း မကြာခဏ ပြုလုပ်လျက်ရှိပါတယ်။ ယခုမှာလည်း ပရိသတ်တွေ ချစ်ခင်ရတဲ့ ဝေလာရီက ကြည်နူးစရာ အလှူလေးတစ်ခုကို ပြုလုပ်နိုင်ခဲ့ပါတယ်။


ဒီအလှူလေးကတော့ ထူးခန့်ကျော် ဆီမှာ လာရောက် ဆေးကုသနေရင်း ဝှီးချဲလ် လိုအပ်နေတဲ့ အမေကြီးကို လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။ ဝေလာရီ ကတော့ ဝှီးချဲလ် လှူချင်တဲ့ ဆန္ဒလေးပြဝခဲ့တာကြောင့် ဝမ်းသာပီတိဖြစ်ရကြောင်းလည်း ဆိုထားတာ တွေ့ရပါတယ်။ လှူဒါန်းခဲ့တဲ့ အချိန်မှာလည်း ထူးခန့်ကျော် အပါအဝင် အနုပညာမောင်နုမတွေ နဲ့အတူ အိမ်အထိသွားရောက် လှူဒါန်းခဲ့တာလို့ သိရပါတယ်။ ကဲ... ပရိသတ်ကြီးရေ တကယ့်ကို မွန်မြတ်လှတဲ့ ကောင်းမှုကုသိုလ်လေးတစ်ခု ပြုလုပ်ခဲ့တဲ့ ဝေလာရီကို ဆုမွန်ကောင်းတွေတောင်းပေးလိုက်ပါဦး။


သတင်း အရင်းအမြစ်៖ Source - Wai Lar Ri





