အနုပညာညီအစ်ကိုတွေနဲ့ဆုံတုန်းလေးမှာ ခဏတာ ဘဝအမော ဖြေဖျောက်ခဲ့ကြတာလေးကို ဖော်ပြလာတဲ့ အံ့မင်းညို

//s9.kh1.co/59/594a03159a10c2a441f1bc1d9af84a3697b2e460.jpg
အနုပညာရှင်များ

 ၁၇-ဇွန်-၂၀၂၂ ၃pm · လွန်ခဲ့သော ၄ နှစ် က

.

ဇာတ်ပို့သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အံ့မင်းညိုကတော့ အနုပညာလောက ဆယ်စုနှစ်လောက်ကတည်းက လျှောက်လှမ်းခဲ့တဲ့ အနုပညာရှင်တစ်ဦးပါ။ အံ့မင်းညို ဟာ ဗီဒီယိုဇာတ်ကားတွေမှာ ဘယ်လို့ဇာတ်ကောင်မျိုးတွေမျိုတွေမဆို သဘာဝကျကျ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကိုလည်း ရရှိထားခဲ့တာ ဖြစ်ပါတယ်။ ယနေ့အချိန်အထိလည်း အနုပညာအလုပ်တွေ ဆက်လက်လုပ်ကိုင်နေတဲ့ အပြင် ကိုယ်ပိုင်စီးပွားရေး အလုပ်တွေကိုလည်း လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

Photo Credit - အံ့မင်းညို
Photo Credit - အံ့မင်းညို
Photo Credit - အံ့မင်းညို
Photo Credit - အံ့မင်းညို

ချစ်စရာ ကောင်းတဲ့ သမီးလေးတွေအပြင် သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကိုလည်း ရရှိပိုင်ဆိုင်ထားကာ မိသားစုဘဝလေးကို အေးချမ်းစွာဖြတ်သန်းနေထိုင်နေတာ ဖြစ်ပါတယ်။ လတ်တလောမှာတေ့ အံ့မင်းညိုဟာ အနုပညာ‌ညီအစ်ကိုမောင်နှမတွေနဲ့ အတူ ပုဂံကို ရောက်ရှိနေတာလို့လည်း သိရပါတယ်။ ဒီကနေ့မှာတော့ အံ့မင်းညိုက သူ့ရဲ့ လူမှုကွန်ယက်ပေါ်မှာ ပရိသတ်တွေ ချစ်အားပိုစေတဲ့ ဗီဒီယိုလေးတစ်ခုကို ဖော်ပြလာတာ တွေ့ရပါတယ်။

Photo Credit - အံ့မင်းညို
Photo Credit - အံ့မင်းညို
Photo Credit - အံ့မင်းညို
Photo Credit - အံ့မင်းညို

ဒါကတော့ လူကြမ်းသရုပ်ဆောင် အနုပညာညီအစ်ကို တွေနဲ့အတူ ဝိုင်းဖွဲ့ပြီး ပျော်ပျော်ပါးပါးနဲ့ သီချင်းအော်ဟစ် သီဆိုကြတာ ဖြစ်ပါတယ်။ အံ့မင်းညိုကတော့ " မတွေ့တာကြာပြီးဖြစ်တဲ့ သူငယ်ချင်း‌တွေနဲ့ဆုံတုန်းလေးပါ" ဆိုပြီး ‌ရေးသားထားခဲ့ပါတယ်။ ကြည့်မိသူတိုင်း ပေျာ်ရွှင်စရာကောင်းလောက်အောင် အားလုံးဝိုင်းဖွဲ့ပြီး သီချင်း‌‌သီဆိုနေကြတဲ့ အံ့မင်းညိုရဲ့ ဗီဒီယိုလေးကို ပရိသတ်တွေလည်း ကြည့်ရှုလို့ရအောင် ကူးယူဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ် Source - အံ့မင်းညို

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T