တောင်ကိုရီးယားက နာမည်ကြီး ရုပ်ရှင်မင်းသမီးတစ်ဦးဟာ ခင်ပွန်းဖြစ်ရဲ့ ဓားနဲ့ထိုးတာခံရအပြီးမှာ ဖြစ်စဉ်နဲ့ ပတ်သတ်ပြီး သို့လောသို့လော ဖြစ်ခဲ့ကြပါတယ်။ အခုဆိုရင်တော့ ဖြစ်စဉ်နဲ့ပတ်သတ်တဲ့ အသေးစိတ်အချက်တွေကို သိလာရပါပြီ။

အဆိုပါ ဓားတဲ့ထိုးခံခဲ့ရတဲ့ မင်းသမီးဟာ သူဓားနဲ့အထိုးမခံရမီ နာရီပိုင်းအလိုအတွင်း ရဲတပ်ဖွဲ့ထံ ၃ကြိမ်တိုင်တိုင် ဖုန်းဆက်ခဲ့ပါတယ်။ အခင်းမဖြစ်မီ ဇွန်လ ၁၃ရက်နေ့ ည ၁၁နာရီကျော်လောက်က ရဲတပ်ဖွဲ့ထံဖုန်းဆက်ခဲ့ပြီး ရဲတွေရောက်လာချိန်မှာတော့ သူ့အနေနဲ့ ထိခိုက်မှုတစုံတရာမရှိသေးပဲ သူ့ယောကျာ်းကိုအိမ်ကနေ ဖယ်ခိုင်းပေးဖို့ကို တောင်းဆိုခဲ့ပါတယ်။

ဒါကြောင့် သူ့ယောကျာ်းကို သူ့အိမ်ကနေဖယ်ရှားပေးခဲ့ပြီး၊ သူနဲ့ဝေးဝေးနေဖို့ အမိန့်ထုတ်ပြန်ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့ယောကျာ်းဟာ နောက်တစ်နေ့ မနက်အစောပိုင်းမှာ သူ့အိမ်ကို ပြန်ရောက်လာခဲ့ပြီး အတင်းအကြပ် ဝင်ရောက်လာခဲ့တာကြောင့် ရဲတပ်ဖွဲ့ဆီ ဒုတိယအကြိမ်ဖုန်းခေါ်ခဲ့ရပါတယ်။

ဒါပေမယ့် ရဲတွေရောက်လာချိန်မှာတော့ သူ့ယောကျာ်းကမရှိတော့ပဲ ရဲတွေပြန်ထွက်သွားချိန်မှာတော့ သူ့ယောက်ကျာ်းဟာ သူ့ကိုဖုန်းခေါ်ပြီး သူ့ကိုယ်သူ သတ်သေပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပြီး၊ သူ့ခြေထောက်ကိုလည်း သူ့ဖာသာသူ ဓားနဲ့ ပြန်ထိုးခဲ့ပါတယ်။

လမ်းသွားလမ်းလာ သတ်သေတစ်ဦးက သူ့ယောကျာ်းဟာ သူ့ကိုယ်သူအန္တရာယ်ပြုနေတာကြောင့် ရဲကိုဖုန်းဆက်အကူအညီတောင်းပေးခဲ့ပြီး ဆေးရုံပို့ပေးခဲ့ပါတယ်။ အဲ့နောက်သူ့ယောက်ကျာ်းဟာ သူ့အိမ်ပြန်လာပြီး သမီးကိုကျောင်းပို့သွားတဲ့ သူ့ကိုစောင့်နေခဲ့ပါတယ်။

အဲ့ဒီနောက် သူ့မိန်းမပြန်လာတာကိုမြင်တာနဲ့ ပြေးပြီး ဓားနဲ့ အချက်ပေါင်းများစွာ ထိုးခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဓားထိုးခံရတဲ့ မင်းသမီးရော သူ့ယောကျာ်းပါ ဆေးရုံတက်နေရပြီး မင်းသမီးကတော့ စိုးရိမ်ရတဲ့ အနေအထားမရှိတော့ပါဘူး။ သူ့ယောကျာ်းကိုတော့ လူသတ်ရန်ကြံစည်မှု၊ အပြင်းအထန် အနာတရဖြစ်မှုတွေနဲ့ တရားစွဲထားပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်နေပါတယ်။
Photo-credit
သတင်း အရင်းအမြစ်៖ koreaboo