BTS အဖွဲ့လိုက်လှုပ်ရှားမှုတွေ ခဏတာနားမယ့်သတင်းကြောင့် HYBE ရှယ်ယာဈေးကွက်ပါ အဆိုးဆုံးထိုးကျ

//s9.kh1.co/f2/f235e92026aa68d035ade7b2da25bb9a26d52a98.jpg
အနုပညာရှင်များ

 ၁၇-ဇွန်-၂၀၂၂ ၉am · လွန်ခဲ့သော ၃ နှစ် က

တစ်ရက်တည်းအတွင်းကို ဒေါ်လာ ၁.၇ ဘီလီလျံလောက် ကျဆင်းသွားတာပါ

ပြီးခဲ့တဲ့ရက်ပိုင်းက BTS အဖွဲ့ဝင်တွေဟာ အဖွဲ့လိုက်လှုပ်ရှားမှုတွေကို ခဏရပ်မယ်လို့ပြောလာချိန် လန့်သွားသူတွေထဲမှာ Army တွေတင်မကပဲ HYBE ရဲ့ရင်းနှီးမြုပ်နှံသူတွေလည်း ပါကြတယ်ထင်ပါတယ်။

image via HYBE
image via HYBE

အဖွဲ့ခဏတာရပ်နားထားတဲ့သတင်းကြောင့် HYBE ရဲ့ရှယ်ယာဈေးကွက်ဟာ တစ်ရက်တည်းမှာပဲ ၂၀% လောက်ကျသွားပါတယ်။အချိန်တိုအတွင်း ကိုရီးယားဝမ် ၂ ထရီလီလျံ(ဒေါ်လာ ၁.၇ ဘီလီလျံ)လောက် တစ်ခါတည်းကျဆင်းသွားတာပါ။

image via Allkpop
image via Allkpop

ပြီးခဲ့တဲ့ဧပြီလ ၁၅ ရက်နေ့က HYBE ရဲ့ရှယ်ယာတစ်ခုဟာ ကိုရီးယားဝမ် ၂၉၄၀၀၀ လောက်ထိတန်ဖိုးရှိပေမဲ့ ခုလက်ရှိ ဇွန်လ ၁၅ ရက်နေ့မှာတော့ ရှယ်ယာတစ်ခုကို ကိုရီးယားဝမ် ၁၄၅၀၀၀ လောက်ထိကိုကျဆင်းသွားခဲ့ပါတယ်။

image via Bit Hit 
image via Bit Hit 

ပြီးခဲ့တဲ့ရက်ပိုင်းက BTS အဖွဲ့ဝင်တွေဟာ အဖွဲ့လိုက်လှုပ်ရှားမှုတွေကို ခဏတာရပ်နားထားပြီး သူတို့ရဲ့တကိုယ်တော်လှုပ်ရှားမှုတွေဖက်ကို ပိုဦးစားပေးမယ်လို့ ထုတ်ပြောလာအပြီးမှာ ဒီလိုမျိုးရှယ်ယာဈေးတွေ ထိုးကျသွားခဲ့တာပါ။အဖွဲ့အတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်ပြီးချိန်ကျမှသာ အတူတူပြန်လာမယ်လို့ပြောခဲ့ကြတာကြောင့် BTS တစ်ဖွဲ့လုံးကို ကင်မရာရှေ့မှာအတူတူပြန်မြင်ရဖို့ အချိန်တော်တော်ကြာဦးမှာဖြစ်ပါတယ်။

image via Bloomberg
image via Bloomberg

ခုလက်ရှိ HYBE ရဲ့ရှယ်ယာဈေးတွေထိုးကျမှုဟာ ၂၀၂၀ ခုနှစ်၊အောက်တိုဘာလက IPO တွေနဲ့ယှဥ်လိုက်ရင် အဆိုးဆုံးထိကို ထိုးကျနေပါတယ်။

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T