တောင်ကိုရီးယားမင်းသား Lee Jun Ki ဟာဆိုရင် တစ်ခေတ်တစ်ခါက “ကေ” ဆိုတဲ့ ဇာတ်ကောင်လေးနဲ့ မြန်မာပရိသတ်တွေရဲ့ အားပေးမှု ကို တခဲနက်ရရှိထားတဲ့ သူဖြစ်ပါတယ်။ Lee Jun Ki ဟာဆိုရင် လက်ရှိမှာ အသက် ၄၀အရွယ်တောင်ရှိနေပြီပဲ ဖြစ်ပါတယ်။ Lee Jun Ki က အသက် ၄၀ အရွယ်ရှိနေပေမယ့် အခုအချိန်အထိကျောင်းသားလေးလို နုပျိုနေတုန်းပဲ ဖြစ်နေတုန်းပါပဲ။


မကြာသေးမီက ထွက်ရှိခဲ့တဲ့ “Again My Life” ဆိုတဲ့ ဇာတ်လမ်းတွဲ မှာလည်း Lee Jun Ki ရဲ့ အသက်က ထင်ထားတာထက် ငယ်ရွယ်နေတာကြောင့် လူပြောများနေခဲ့ပါတယ်။

လူပြောများနေခဲ့တဲ့ အကြောင်းအရင်းက ဇာတ်လမ်းထဲမှာ တွဲဖက်သရုပ်ဆောင်တဲ့ သရုပ်ဆောင်ကြီး Hyun Bong Sik ကြောင့်ပဲ ဖြစ်ပါတယ်။ Hyun Bong Sik က ၁၉၈၄ ခုနှစ်မှာမွေးဖွားခဲ့တဲ့ သူဖြစ်ပြီး သူ့အသက်က ၃၈ နှစ်ပဲ ရှိပါသေးတယ်။ မင်းသား Lee Jun Ki က ၁၉၈၂ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်တာကြောင့် သူ့အသက်က ၄၀ နှစ်ရှိသွားပြီပဲဖြစ်ပါတယ်။


Lee Jun Ki က သရုပ်ဆောင် Hyun Bong Sik နဲ့ ယှဉ်ရင် ၂ နှစ်တိတိကြီးပေမယ့် သူ့ရဲ့ နုဖက်လှတဲ့ ရုပ်ရည်ကြောင့်ဖအေနဲ့ သားပုံစံမျိုးအထိကို ဖြစ်နေပါတယ်။

ရှိရင်းစွဲ အသက်ထက် ထက်ဝက်လောက်ပိုပြီး နုဖက်နေတဲ့ Lee Jun Ki ရဲ့ ကံကောင်းမှုကြီး ကတော့ တကယ်ကိုအံ့ဩစရာကောင်းလှပါတယ်နော်။ မအိုဆေး စားထားသလား အောင့်မေ့ရတဲ့ တောင်ကိုရီးယားမင်းသား Lee Jun Ki ရဲ့ အကြောင်းကို Lee Jun Ki ပရိသတ်တွေအတွက် ဝေမျှပေးလိုက်ပါတယ်။

