လူ့လောကထဲကို ရောက်ပြီးပြီးချင်း မိခင်ကြီးကွယ်လွန်သွားခဲ့ရတဲ့ ၃ မွှာပူးကလေးလေးအတွက် အလှူငွေလှူဒါန်းပေးခဲ့တဲ့ သရုပ်ဆောင် ဆောင်းယွန်းစံ

//s9.kh1.co/47/47206127413a94dc5f41eb0e2e685e24c3dfa58f.png
အနုပညာရှင်များ

 ၁၆-ဇွန်-၂၀၂၂ ၁၁am · လွန်ခဲ့သော ၃ နှစ် က

လူ့လောကထဲကို ရောက်ပြီးပြီးချင်း မိခင်ကြီးကွယ်လွန်သွားခဲ့ရတဲ့ ၃ မွှာပူးကလေးလေးအတွက် အလှူငွေလှူဒါန်းပေးခဲ့တဲ့ သရုပ်ဆောင် ဆောင်းယွန်းစံ

သရုပ်ဆောင် မော်ဒယ်ဆောင်းယွန်းစံဟာဆိုရင် ရုပ်ရှင်ဇာတ်လမ်းတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့သူဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးခြင်းကို တခဲနက် ရရှိထားတဲ့သူဖြစ်ပါတယ်။ ဆောင်းယွန်းစံက လက်ရှိမှာ အကူအညီလိုအပ်နေသူကို တတ်အားသ၍ ကူညီပေးနေတာဖြစ်ပါတယ်။

Saung Yoon San's Facebook
Saung Yoon San's Facebook
Saung Yoon San's Facebook
Saung Yoon San's Facebook

အခုနောက်ပိုင်းမှာတော့ သရုပ်ဆောင် ဆောင်းယွန်းစံကို အနုပညာလှုပ်ရှားမှုတွေ အများကြီးမှာ မတွေ့ရတော့ပါဘူး။ ဒါပေမယ့် ဆောင်းယွန်းစံက သူမရဲ့ တစ်နေ့တာ လှုပ်ရှားမှု ပုံရိပ်တွေကိုတော့ လူမှု ကွန်ရက် စာမျက်နှာပေါ်မှာ အမြဲတင်ပေးလေ့ရှိပါတယ်။

Saung Yoon San's Facebook
Saung Yoon San's Facebook
Saung Yoon San's Facebook
Saung Yoon San's Facebook

အခုတစ်ခေါက်မှာလည်း ဆောင်းယွန်းစံက ကြို့ပင်ကောက်မြို့ ပြည်သူ့ဆေးရုံကြီးမှာ မွေးဖွားပြီးပြီးချင်း မိခင်ဖြစ်သူ သေဆုံးသွားခဲ့ရတဲ့ ၃ မွှာပူး ကလေးလေးတွေအတွက် အလှူငွေ တစ်သိန်း ကူညီလှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

Saung Yoon San's Facebook
Saung Yoon San's Facebook
Saung Yoon San's Facebook
Saung Yoon San's Facebook

၃ မွှာပူးကလေးလေးတွေ ခက်ခက်ခဲခဲ လူလောကထဲကို ရောက်ခဲ့ကြရပေမယ့် လူ့လောကထဲကို ရောက်ခဲ့ပြီးနောက်မှာတော့ မိခင်ကြီးဟာ ကွယ်လွန်သွားခဲ့ပါတယ်။ ၃ မွှာပူးကလေးလေးအတွက် စိတ်မကောင်းဖြစ်ရင်း ဆောင်းယွန်းစံရဲ့ အလှူလေးအကြောင်းကို ဝေမျှပေးလိုက်ရပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T