မော်ဒယ်သရုပ်ဆောင် နိုဘယ်ကျော်ကျော်ကတော့ တစ်ချိန်က ဗီဒီယိုဇာတ်လမ်းတွဲတွေ ကြော်ငြာတွေ ရိုက်ကူးခဲ့တဲ့ ပရိသတ်အချစ်တော် မင်းသမီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့တာကြောင့်လည်း အနုပညာလမ်းပေါ်မှာ အောင်မြင်မှုတစ်ခုကို ရရှိထားသူလည်း ဖြစ်ပါတယ်။



နိုဘယ်ကျော်ကျော် ကတော့လက်ရှိမှာ အနုပညာလောက နဲ့ အဆက်ပြတ်နေတာ ဖြစ်ပြီး ပရိတ်သတ်တွေ နဲ့ လည်းဝေးကွာနေတာ ဖြစ်ပါတယ်။ ပရိတ်သတ်တွေ နဲ့ အဆက်အသွယ်ပြတ်နေပေမယ့် နိုဘယ်ကျော်ကျော်ကိုတော့ အခုအချိန်ထိ အားပေးချစ်ခင်နေကြဆဲပဲ ဖြစ်ပါတယ်။



နိုဘယ်ကျော်ကျော်ကတော့ မနေ့ကပဲ သူ့ချစ်ရတဲ့ သူနဲ့ မင်္ဂလာဆောင်သွားပြီပဲ ဖြစ်ပါတယ်။ ချစ်ရတဲ့သူ နဲ့ အတူ တရားဝင် ရွှေလက်တွဲပြီး မင်္ဂလာပွဲကြီးကျင်းပခဲ့တယ်ဆိုတဲ့အကြောင်းကို ပုံရိပ်လေးတွေနဲ့အတူ လူမှုကွန်ယက်ထက်မှာ မျှဝေထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် နိုဘယ်ကျော်ကျော် ရဲ့ မင်္ဂလာပွဲပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။



