လှပတောင့်တင်းပြီးမြန်မာဆန်ဆန် ခန္ဓာကိုယ်အလှ ၊ ကျက်သရေရှိလွန်းလှတဲ့ အပြုံး နှင့် ဟန်ပန်အမူအရာ တို့နဲ့ ပုရိသတို့ရဲ့အသည်းနှလုံးကိုကိုင်လှုပ်ထားသူကတော့ မအေးသောင်းလို့ လူသိများကြတဲ့ အေးဝတ်ရည်သောင်းပါပဲ။


မအေးသောင်း လို့ခေါ်တဲ့ အေးဝတ်ရည်သောင်း ဟာ အနုပညာမှာထူးချွန်လို့ နာမည်ကျော်ကြားရေပန်းစားရုံသာမက စကားပြောတတ်လွန်းတဲ့အတွက်လည်း ပရိတ်သတ်တွေအကြား နာမည်ကြီးပါတယ်။


ယခုအခါမှာလည်း မအေးသောင်းက ပရိတ်သတ်ကို သူမ ရဲ့ ဖြစ်ရပ်တစ်ခုနဲ့ပတ်သက်လို့ "
စိတ်တိုရင် right time ဖြစ်ဖို့လိုတယ်
ချော့ရင်လည်း right time ဖြစ်ဖို့လိုတယ်
ချွဲရင်လည်း right time ဖြစ်ဖို့လိုတယ်
ဘာနေနေ right time ကသိပ်အရေးကြီးတယ်
ပညာဘယ်လောက်တတ်တတ် right time မသိရင် အလကားပဲ ……..ကိုယ်ကြားဖူးတယ် တချို့လူတွေပြောတာ..၁၀ တန်းအောင်ဖို့မလိုဘူး..အလိုက်သိဖို့ပဲလိုတယ် တဲ့..ဟုတ်နေလားမသိဘူး " လို့ ရေးသားလာတာဖြစ်ပြီး ပရိတ်သတ်တွေကတော့ သူတို့ရဲ့ ခံစားချက်နဲ့ အေးသောင်းရဲ့ခံစားချက်ဟာ ထပ်တူကျတာဖြစ်လို့ သဘောကျနေကြတာဖြစ်ပါတယ်။




