တစ်ခေတ်တစ်ခါက ကျော်ကြားခဲ့တဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ အနုပညာရှင်များ

//s9.kh1.co/41/412622ecd0aac09e242778ddf899223cd931f05a.jpg
အနုပညာရှင်များ

 ၁၅-ဇွန်-၂၀၂၂ ၃pm · လွန်ခဲ့သော ၃ နှစ် က

ဒီပုံထဲ ဖော်ပြထားတဲ့ အနုပညာရှင်များသာမက အခြားသော အနုပညာရှင်များဖြစ်တဲ့ ရဝေအောင်.......... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

လွန်ခဲ့တဲ့ အနှစ် (၂၀) ပတ်ဝန်းကျင်ကာလတုန်းက သီချင်း VCD တွေမှာ အမြဲတမ်းလိုလိုပါဝင်သရုပ်ဆောင်ခဲ့ကြပြီး နာမည်ကျော်ကြားလူသိများရုံသာမက ဆယ်ကျော်သက်နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်ပဲလှော်ဖြစ်ခဲ့ကြတဲ့ အမျိုးသား အနုပညာရှင်များစွာရှိကြပါတယ်။ အဆိုပါ မင်းသားတွေထဲက အချို့ဟာ ယခုအခါမှာတော့ ပရိသတ်တွေရဲ့ မြင်ကွင်းကနေ ပျောက်ကွယ်နေကြပြီး တချို့တွေကတော့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိကြဆဲ ဖြစ်ပါတယ်။ တစ်ချိန်တုန်းက ဣတ္ထိယတွေရဲ့ အသည်းစွဲမင်းသားတွေဖြစ်ခဲ့ကြတဲ့သူတို့တွေအကြောင်း ၊ သူတို့ဘယ်လိုပြောင်းလဲသွားလဲဆိုတာ ဖော်ပြလိုက်ရပါတယ်။

ညီညီနေနိုင်

ညီညီနေနိုင် လို့ပြောလိုက်တာနဲ့ ဗီစီဒီ သီချင်းတော်တော်များများမှာ နေရာယူထားတဲ့သရုပ်ဆောင်အဖြစ်သော်လည်းကောင်း ၊ မိန်းကလေးတိုင်းရဲ့ စိတ်ကူးထဲက ရွှေမင်းသားလေးအဖြစ်သော်လည်းကောင်း တင်စားရတဲ့အထိကို ချောမောခန့်ညားသူကြီးပဲဖြစ်ပါတယ်။ ညီညီနေနိုင် ဟာ အခုချိန်မှာတော့ အနုပညာလုပ်ငန်းတွေကို မလုပ်ကိုင်တော့ဘူးလို့သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

မိုင်းမိုင်

“သီတင်းကျွတ်ညလေးတစ်ည" သီချင်း MV လေးမှာ ခပ်ချောချောပုံရိပ်တွေကြောင့် ပရိသတ်တွေသဘောကျခဲ့ရတဲ့ မိုင်းမိုင် ကတော့ လူကြီး၊ လူငယ်မရွေး ကြိုက်နှစ်သက်ခဲ့ရတဲ့ မင်းသားတစ်လက်ပဲ ဖြစ်ပြီး သိပ်မကြာသေးခင်ကပဲ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ဟက်ကက်

ယောကျာ်းလေးတွေ ဆံပင်အလယ်ခွဲ ထားတဲ့ ခေတ်ရေစီးကြောင်းကို စတင်ခဲ့သူ ဖြစ်ပြီး ယခုအချိန်ထိတိုင်အောင် မိန်းကလေးတိုင်းရဲ့ အသည်းကျော်ဖြစ်နေတဲ့ ဟက်ကက်ကတော့ သရုပ်ဆောင်ရုံသာမက သီချင်းလည်း ဆိုတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ ဟက်ကက် ကတော့ အခုအချိန်ထိ အိမ်ထောင်မပြုသေးပဲ အနုပညာလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်နေလျက်ရှိသေးတယ်လို့သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ညီညီတာ

အပြုံးချိုချိုမြိန်မြိန်လေး နဲ့ မိန်းကလေးတွေရဲ့ အသည်းနှလုံးကို ဖမ်းစားထားနိုင်သူ မင်းသားချော ကတော့ ညီညီတာ ပါပဲ။ ညီညီတာ ဟာ  အနုပညာအလုပ်တွေရပ်နားထားတဲ့အပြင် လက်ရှိမှာ အိမ်ထောင်ကျသွားပြီဖြစ်ကာ သူ ချစ်ရတဲ့ မိသားစုတွေနဲ့ အေးချမ်းစွာ နေထိုင်နေလျက်ရှိပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ညိုလင်းထက်

အေးချမ်းတဲ့ အပြုံး ၊ အကြည့်တွေနဲ့ မိန်းကလေးတွေရဲ့ စိတ်နှလုံးကိုဖမ်းစားထားနိုင်ခဲ့သူလေးကတော့ အားလုံးချစ်ကြတဲ့ ညိုလင်းထက် ပါပဲ။ ညိုလင်းထက် ဟာ ယခုလက်ရှိမှာ အနုပညာလုပ်ငန်းတွေရပ်နားထားပေမယ့် သူ့ရဲ့ မျိုးဆက်သစ် သားနဲ့သမီးကတော့ အနုပညာလှုပ်ရှားမှုတွေစတင်နေပြီဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ရဝေအောင်

ညင်သာနူးညံ့တဲ့ မျက်ဝန်းတစ်စုံ နဲ့ ချိုမြိန်တဲ့ အပြုံးပိုင်ရှင် လို့ဆိုလိုက်တာနဲ့ မိန်းကလေးတွေက မင်းသား ရဝေအောင် ကိုပဲ ပြေးမြင်ကြမှာပါ။ မိန်းကလေးတိုင်းရဲ့ အသည်းကျော်ပဲလှော် ဖြစ်ခဲ့ဖူးတဲ့ ရဝေအောင် ဟာ အနုပညာလုပ်ငန်းတွေရပ်နားထားပြီး ယခုအချိန်ထိ အိမ်ထောင်မပြုသေးပဲ လူပျိုကြီးအဖြစ် တစ်ယောက်တည်း အေးချမ်းစွာ နေထိုင်လျက်ရှိတယ်လို့ သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

စိုင်းဘိုဘို

ဆွဲဆောင်မှုရှိတဲ့ မှဲ့နက်လေး ၊ နှုတ်ခမ်းမွှေးရေးရေး နဲ့ ခပ်မိုက်မိုက်ပုံစံကြောင့် မိန်းကလေးတွေကို ဖမ်းစားနိုင်ခဲ့သူလို့ဆိုလာရင်တော့ တစ်ချိန်က သီချင်းတွေထဲမှာ နာမည်ကျော်ကြားခဲ့တဲ့ စိုင်းဘိုဘို ကိုပဲဖော်ကြရမှာပါ။ စိုင်းဘိုဘို က လက်ရှိမှာတော့ သားသမီးတွေနဲ့အတူတူ ပျော်ရွှင်စွာနေထိုင်နေတယ်လို့ သိရပြီး အနုပညာလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်ခြင်း မရှိတော့ဘူးလို့သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ရီဝေယံ

အပြုံးချိုချိုလေး ၊ အသံခပ်ဩဩ နဲ့ မင်းသားချော ရီဝေယံ ကလည်း ရုပ်ရှင်ဗီဒီယိုဇာတ်ကားတွေများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ ရီဝေယံ ဟာ လက်ရှိမှာ အနုပညာလောကကနေ ရပ်နားသွားပြီဖြစ်တယ်လို့ သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T