အဖွဲ့ကို ယာယီရပ်နားပြီး Solo ပိုင်းကိုပိုအားစိုက် သွားတော့မယ့် BTS

//s9.kh1.co/da/da806b1822c4bc917fb6cdae59c1fe115384c5c5.jpg
အနုပညာရှင်များ

 ၁၅-ဇွန်-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

BTS အဖွဲ့ဟာ အဖွဲ့ဝင်တွေရဲ့ Solo အနုပညာလုပ်ငန်းတွေ ပိုပြီးအာရုံစိုက်လုပ်နိုင်ဖို့အတွက် အဖွဲ့လိုက် activities တွေကို ယာယီ ရပ်နားသွားတော့မယ်လို့...

BTS ဆိုတာ လက်ရှိကမ္ဘာပေါ်မှာ အအောင်မြင်ဆုံး K-pop အဖွဲ့ဖြစ်ပြီး ကမ္ဘာ့အနှံ့ နှစ်သက် အားပေးကြတဲ့ သူတို့ရဲ့ Army Fans တွေကလဲ ဒုနဲ့ဒေးပဲဖြစ်ပါတယ်။ မနေ့ကမှ ပူပူ‌နွေးနွေးတက်လာတဲ့ သတင်းတပုဒ်ကတော့ army လေးအတွက် ဝမ်းနည်းစရာဖြစ်ခဲ့ပါတယ်။

BTS ရဲ့ အစောပိုင်း နေ့ရက်တွေ
BTS ရဲ့ အစောပိုင်း နေ့ရက်တွေ

နာမည်ကြီး BTS အဖွဲ့ဟာ အဖွဲ့ဝင်တွေရဲ့ Solo အနုပညာလုပ်ငန်းတွေ ပိုပြီးအာရုံစိုက်လုပ်နိုင်ဖို့အတွက် အဖွဲ့လိုက် activities တွေအားလုံးကို ယာယီ ရပ်နားသွားတော့မယ်လို့ ကြေညာခဲ့ပါတယ်။ အင်္ဂါနေ့ကပြုလုပ်ခဲ့တဲ့ အဖွဲ့ရဲ့ 9 နှစ်ပြည့် ညစာစားပွဲမှာ အဖွဲ့ဝင်တွေက သူတို့ရဲ့ အနာဂတ်အတွက် ဆွေးနွေးခဲ့အပြီးမှာ ပြောခဲ့တာဖြစ်ပြီး တစ်နာရီနီးပါးကြာတဲ့ Video ကို သူတို့ရဲ့ Offical YouTube Channel မှာ တင်ခဲ့ပါတယ်။ အဖွဲ့ဝင် Jmin က သူတို့အဖွဲ့ဟာ လက်ရှိအချိန်မှာ ကြမ်းတမ်းတဲ့ လမ်းကိုဖြတ်နေရပြီး “သူ့တို့ရဲ့ ပင်ကို အထောက်အထား တွေရှာဖွေဖို့ကြိုးစားနေကြကာ၊ ဒါဟာပင်ပန်းပြီး ရှည်လျားတဲ့ လမ်းစဥ်တစ်ခုပါ” လို့ပြောခဲ့ပါတယ်။

သူတို့ရဲ့ dinner
သူတို့ရဲ့ dinner

အဖွဲ့ဝင်တယောက်ဖြစ်တဲ့ Suga က အဖွဲ့ကို ရပ်ဆိုင်းလိုက်ပါတယ် လို့ Video ရဲ့ မိနစ် 20လောက်မှာ ပြောခဲ့မိပြီး နောက်ပိုင်းမှာတော့ သူတို့ရဲ့ HYBE Entertainment က တာဝန်ရှိသူတစ်ဦးက “ရှင်းရှင်းလင်းလင်း ပြောရရင် BTS အနေနဲ့ ခဏတာရပ်နားထားပေမယ့် အဖွဲ့ဝင်တွေအနေနဲ့  တကိုယ်တော် ပရောဂျက်တွေကို လေ့လာစူးစမ်းကြမှာဖြစ်ပြီး အနုပညာလှုပ်ရှားမှုတွေကို တစ်ယောက်ချင်း ဆက်လုပ်သွားဖို့ရှိပါတယ်” လို့ ပြန်ရှင်းခဲ့ပါတယ်။

အိမ်ဖြူတော်ရောက် BTS 
အိမ်ဖြူတော်ရောက် BTS 

စကားဝိုင်းအတွင်း RM က BTS အနေနဲ့ အဖွဲ့လိုက် အောင်မြင်မှုတွေ ရခဲ့ပေမယ့်လည်း အဖွဲ့ဝင် တစ်ဦးချင်းရင့်ကျက်ဖို့ လိုအပ်ကြောင်း နဲ့ “BTS က တခြားအဖွဲ့တွေနဲ့ မတူဘူးလို့ အမြဲတမ်းထင်ခဲ့ပေမယ့် K-pop စနစ်တစ်ခုလုံးရဲ့ ပြဿနာကတော့ ရင့်ကျက်ဖို့ အချိန်မပေးလို့ပါပဲ” လို့ ပြောခဲ့ပါတယ်။ BTS ရဲ့ အနာဂတ်ကို အဖွဲ့လိုက်နဲ့ တစ်ဦးချင်းအနေနဲ့ စဉ်းစားဖို့ အချိန်ယူလိုကြောင်း RM က ထပ်လောင်းပြောကြားခဲ့ပါတယ်။

အိမ်ဖြူတော်နဲ့ BTS
အိမ်ဖြူတော်နဲ့ BTS

အခြားအဖွဲ့ဝင်တွေကလည်း သဘောတူခဲ့ကြပြီး အနားယူခြင်းဟာ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။ V ကတော့ အဖွဲ့အနေနဲ့ အကြောင်းမဲ့ရပ်နားတာမဟုတ်တဲ့ အတွက်ကြောင့် ပြန်ပြီးစုံတဲ့ အခါပိုကောင်းတဲ့ အဖွဲ့အဖြစ်ပြန်လာခဲ့ပါမယ်လို့ ပြောခဲ့ပါတယ်။ Jungkook ကတော့ "ကျနော်တို့ အခုထက်ပိုပြီး ရင့်ကျက်တဲ့ပုံနဲ့ ပြန်လာပါမယ်လို့ ကတိပြုပါတယ်" လို့ ပရိတ်သတ်တွေကိုပြောခဲ့ပါတယ်။

ဘဲဥပုံ ရုံးခန်းထဲက BTS
ဘဲဥပုံ ရုံးခန်းထဲက BTS

အသက် 24 နှစ်ကနေ 29 နှစ်ကြား အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတဲ့ BTS ဟာ 2013 ခုနှစ်ကစတင်ပွဲဦးထွက်ခဲ့ပြီး Dynamite, Butter တို့လိုသီချင်းတွေနဲ့ နိုင်ငံတကာမှာအောင်မြင်မှု ကြီးကြီးမားမားရခဲ့တဲ့ အဖွဲ့လည်းဖြစ်ပါတယ်။ အခုလ အစောပိုင်းကလည်း Proof ခေါင်းစဥ်နဲ့ သီချင်း album လည်းထွက်ခဲ့ပါသေးတယ်။

Photo-credit

သတင်း အရင်းအမြစ် BBC News

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T