ယနေ့ကျရောက်တဲ့ သူမရဲ့မွေးနေ့လေးမှာ ကြည်နူးစရာ ကောင်းမှုကုသိုလ်လေးကို ပြုလုပ်ခဲ့တဲ့ ခင်ဇာခြည်ကျော်

//s9.kh1.co/82/8240ca2fa5e98b12781a368bda904f78d1020e3d.jpg
အနုပညာရှင်များ

 ၁၅-ဇွန်-၂၀၂၂ ၁၁am · လွန်ခဲ့သော ၄ နှစ် က

.

တစ်ခေတ်တစ်ခါက သရုပ်ဆောင်လောကမှာ အောင်မြင်မှု သရဖူဆောင်းနိုင်ခဲ့တဲ့ သူကတော့ ဝါရင့်မင်းသကြီး ခင်ဇာခြည်ကျော်ပဲ ဖြစ်ပါတယ်။ ခင်ဇာခြည်ကျော်ဟာ ဗီဒီယိုဇာတ်ကားများစွာကို ရိုက်ကူးထားခဲ့ပြီး ၂၀၀၂ ခုနှစ်မှာ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကိုရရှိခဲ့ပါတယ်။ သူမ အနုပညာလုပ်လာတဲ့ သက်တမ်းတစ်လျှောက်မှာ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ပါဝင်သရုပ်ဆောင်ခဲ့ပြီး အယ်လ်ဘမ်တစ်ခုထွက်ရှိခဲ့ပါတယ်။

Photo Credit - Khin ZarChi Kyaw
Photo Credit - Khin ZarChi Kyaw
Photo Credit - Khin ZarChi Kyaw
Photo Credit - Khin ZarChi Kyaw

ယနေ့အချိန်ထိလည်း ခင်ဇာခြည်ကျော်က ချစ်ရတဲ့ မိသားစုနဲ့အတူ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေသေးတာ ဖြစ်ပါတယ်။ ဒါ့အပြင် အသက်အရွယ် ရလာပေမယ့်လည်း ဆယ်ကျော်သက်လေးတစ်ယောက်လို လွတ်လပ်ပေါ့ပါးနေသေးပြီး နုပျိုချောမောနေတာ တွေ့ရပါတယ်။ ဒီကနေ့ ဇွန်လ ၁၅ ရက်မှာတော့ ပရိသတ်တွေချစ်ရတဲ့ မင်းသမီးကြီး ခင်ဇာခြည်ကျော် အသက် ၄၆ နှစ်ပြည့် မွေးနေ့ရက်မြတ်လေးကို ကျရောက်ခဲ့ပြီဖြစ်ပါတယ်။

Photo Credit - Khin ZarChi Kyaw
Photo Credit - Khin ZarChi Kyaw
Photo Credit - Khin ZarChi Kyaw
Photo Credit - Khin ZarChi Kyaw

ခင်ဇာခြည်ကေျာ်ကတော့ ယနေ့ကျရောက်တဲ့ သူမရဲ့ မွေးနေ့အတွက် ကောင်းမှုကုသိုလ်တစ်ခုပြုလုပ်ခဲ့တာကို လူမှုကွန်ယက်မှာ ဖော်ပြလာတာ တွေ့ရပါတယ်။ ဒီမွေးနေ့ကုသိုလ်လေးကတော့ ‌ ပဌာန်း ကျောင်းတိုက်မှ ဘုန်းဘုန်းအား သင်္ကန်းနှင့်ဝတ္ထုငွေ ကပ်လှူခဲ့တာ ဖြစ်ပါတယ်။ ချစ်ရတဲ့ ပရိသတ်တွေကလည်း ခင်ဇာခြည်ကျော် အတွက် မွေးနေ့ဆုမွန်ကောင်းတွေ တောင်းပေးထားခဲ့ကြပါတယ်။ ဒီကနေ့မှာ ကျ‌ရောက်ခဲ့တဲ့ မွေးနေ့လေးမှာ ကျန်းမာပျော်ရွှင်ပြီး မိသားစုနဲ့အတူ ဘဝကို အေးချမ်းစွာဖြတ်သန်းနိုင်ပါစေလို့ Myanmarload ပရိသတ်တွေနဲ့အတူ ဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်။

Photo Credit - Khin ZarChi Kyaw
Photo Credit - Khin ZarChi Kyaw
Photo Credit - Khin ZarChi Kyaw
Photo Credit - Khin ZarChi Kyaw

သတင်း အရင်းအမြစ် Source - Khin ZarChi Kyaw

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T