ဖြူဖြူကျော်သိန်းဆိုတဲ့ နိုင်ငံကျော်အဆိုတော်ကြီးကို အားလုံးပဲ သိကြလိမ့်မယ်လို့ထင်ပါတယ်။

သီချင်းတွေကို အသံပါဝါ ကောင်းကောင်းနဲ့ သီဆိုတတ်ပြီး ဂီတနဲ့ ပတ်သတ်ရင် တကယ့်ကို ထူးချွန်တဲ့ ဆရာမကြီးပါပဲ။
ဆရာဝန်မတစ်ယောက်ပေမယ့် အနုပညာကိုပဲ အထုံဝါသနာပါတဲ့ သူမဟာ ဂီတအရာမှာ တင်မကပဲနောက်ပိုင်းမှာ သရုပ်ဆောင် အဖြစ်လည်းတချို့နေရာတွေမှာပါဝင်ခဲ့ပါသေးတယ်။
ခေတ်ကာလအခြေနေကြောင့်အနုပညာလုပ်ငန်းတွေကိုအများကြီး မလုပ်နိုင်သေးပေမယ့် အမြဲတမ်းပရိတ်သတ်တွေနဲ့ တစ်သားတည်းရှိနေခဲ့သူပါနော်။

အရင်က Myanmar idol မှာဒိုင်တစ်ဦးအနေနဲ့ ပါဝင်ခဲ့ပြီး ဘယ်တော့မဆို ဘယ်သူ့ကိုမဆို မှန်မှန်ကန်ကန် comment ပေးတတ်ပြီး ပညာသားပါပါ ဆုံးမတတ်သူပါ။

ပွင့်ပွင့်လင်းလင်းနဲ့ စကားပြောပြတ်သားတာကလည်း သူမရဲ့ ဆွဲတောင်မှုတစ်ခုပါပဲ...
အခုလည်း အဓိပ္ပါယ်ရှိတဲ့ စကားတစ်ခုပြောခဲ့ပါတယ်။

တချို့လူတွေပြောလေ့ရှိတဲ့ အိမ်မက်တွေက ဈေးကြီးတယ်ဆိုတဲ့စကားက မှန်သင့်သလောက်မှန်ပေမယ့်လည်း တကယ်ဈေးကြီးက ကိုယ်ချင်းစာတရားပါတဲ့...
မှန်ပါတယ် လူတစ်ယောက်အတွက် ကိုယ်ချင်းစာတရားဆိုတာ အဖိုးမဖြတ်နိုင်တဲ့ အရာပါနော်...

ကဲ ဘယ်လောက်တောင်တန်ဖိုးရှိတဲ့စကားလေးလဲ?
Source from Phyu Phyu Kyaw Thein Facebook
Photo credit from Facebook