ဟိုတလောက နေမကာင်းဖြစ်လို့ ဆေးရုံတက် နေရတဲ့ မင်းသားဟိန်းမင်းသူကို အားလုံးပဲသိကြမှာပါ... အခုတော့နေပြန်ကာင်းလာပြီး မျိုးကြီးတို့နဲ့အတူ အနုပညာ အလုပ် တွေကို ပြန်လုပ်နေပါပြီနာ်

သူ့ရဲ့ အအောင်မြင်ဆုံး နဲ့ လူကြိုက်များဆုံး ဇာတ်လမ်းတွဲကို ပြောပါဆိုရင် " တို့မမနဲ့တို့ "ပါပဲ။
ဒီကားထဲမှာ gay ကာရိုက်တာနဲ့သရုပ်ဆောင်တာပီပြင်လွန်းလို့ပရိတ်သတ်တွေက ပိုပြီး ချစ်ခင်အားပေးလာကြပါတယ်။

ဟိန်းမင်းသူတစ်ယောက်အနုပညာလောကထဲကနေ ပျောက်နေတာကြာပါပြီ။
မကြာသေးခင်က သူတင်ထားခဲ့တဲ့ ပိုစ့်တစ်ခုမှာ သူနေမကောင်းကြောင်းနဲ့ သူအသားစ စစ်ထားရတယ်ဆိုတဲ့အကြောင်း ကို ရေးသားထားခဲ့ပါတယ်။
ဒါကြောင့်လည်းသူ့ကို ချစ်တဲ့ ပရိတ်သတ်တွေက သူ့ကျန်းမာရေးအတွက်စိတ်ပူနေကြရတာပါ။

အခုတော့သက်သာသွားပြီ ထင်ပါရဲ့ ကိုမျိုကြီးတို့နဲ့ Gospel သီချင်း Music video လေးမှာပါဝင်ခဲ့ပြီး သူ့ကို ဒီ video လေးထဲမှာပါဝင်ခွင့်ပေးတဲ့အတွက် ကျေးဇူးတင်တယ်လို့လည်းရေးသားထားခဲ့ပါတယ်။
ဒီသီချင်းလေးက ဝိညာဉ်များစွာ ကောင်းချီးပေးခံရမယ်လို့ ယုံကြည်တဲ့အတွက် သီချင်လေးထွက်လာမယ့်ရက်ကိုလည်း ရင်ခုန်နေပြီလို့ရေးသားခဲ့ပါသေးတယ်


သီချင်းလေးထွက်လာရင်အားပေးကြဦးနော်
Source from Hein Min Thu's Facebook
Photos credit from Facebook





