တောင်ကိုရီးယား မင်းသမီး Kim So-yeon နဲ့ Lee Sang-woo တို့က အရမ်းကို ချစ်ကြတဲ့ အနုပညာစုံတွဲလေး ဖြစ်ပါတယ်။ သူတို့နှစ်ဦးက ချစ်ဖို့ကောင်းတဲ့ဓာတ်ပုံလေးတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အမြဲလိုလို တင်ပေးနေကြဖြစ်ပါတယ်။ အခုတစ်ခေါက်မှာလည်း လူတိုင်းအားကျဖို့ကောင်းတဲ့ စုံတွဲဓာတ်ပုံလေးကို Kim So-yeon က သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ပေးလာပြန်ပါပြီ။


Kim So-yeon က လက်ရှိမှာ သူမခင်ပွန်းဖြစ်သူ မင်းသား Lee Sang-woo နဲ့ ကြော်ငြာလေး ရိုက်ကူး နေတာဖြစ်ပါတယ်။ ကြော်ငြာရိုက်ကူးနေရင်း ခဏ နားနေချိန်မှာ Lee Sang-woo နဲ့ Kim So-yeon တို့ ဇနီးမောင်နှံက ဆဲလ်ဖီလေးတွေ ရိုက်နေကြတာဖြစ်ပါတယ်။

ဓာတ်ပုံထဲမှာ နှစ်ဦးသားရဲ့ အရပ်က အရမ်းကို ကွာခြားမှု ရှိနေပြီး ချစ်ဖို့ကောင်းလွန်းနေတာကြောင့် ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ရရှိထားပါတယ်။ Lee Sang-woo က သူ့ရဲ့ ရှည်လျားလှတဲ့ အရပ်မြင့်မြင့်နဲ့ ချစ်ဇနီးလေးကို နောက်ကျောကနေ သိုင်းဖက်ထားတာဖြစ်ပါတယ်။ အဝေးကနေကြည့်ရင် ရင်ခွင်ထဲရောက်နေတဲ့ပုံစံလေးဖြစ်တာကြောင့် ကြည့်ရတာ အရမ်းကို လှပါတယ်။





တောင်ကိုရီးယား အနုပညာ စုံတွဲနှစ်ယောက်ဖြစ်တဲ့ Lee Sang-woo နဲ့ Kim So-yeon တို့ဟာ ၂၀၁၇ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး အရမ်းချစ်ကြတဲ့ စုံတွဲလေး အဖြစ် လူသိများတဲ့ စုံတွဲလေး ဖြစ်ပါတယ်။ ချစ်ဖို့ကောင်းတဲ့ တောင်ကိုရီးယား အနုပညာရှင် စုံတွဲလေး နှစ်ယောက်ဖြစ်တဲ့ Kim So-yeon နဲ့ Lee Sang-woo တို့ရဲ့ ကြည်နူးစရာ ဓာတ်ပုံလေးကို အားလုံးအတွက် ဝေမျှပေးလိုက်ပါတယ်နော်။v