သရက်ကင်ရောင်းရင်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ နာမည်ကြီး လာခဲ့တဲ့ ဂျမ်းတောခေါ် အေးချမ်းသူလေးဟာဆိုရင် အခုနောက်ပိုင်းမှာ မသိတဲ့လူမရှိလောက်အောင် လူသိများလာတဲ့ သူလေး ဖြစ်ပါတယ်။ ဂျမ်းတောစတင်နာမည်ကြီးခဲ့တာလေးကတော့ သူမရဲ့ စကား အမြန်ပြောတတ်တဲ့ အရည်အချင်းကြောင့်ပဲ ဖြစ်ပါတယ်။

မိခင်ကြီး ဆုံးပါးသွားပြီးတဲ့နောက်မှာ ဂျမ်းတောလေးက သူမရဲ့ မောင်နှမတွေကို အစ်မကြီး အမိ ရာပီပီ ရှာဖွေကျွေးနေသူလေး ဖြစ်ပါတယ်။ အွန်လိုင်းပေါ်က စေတနာရှင်တွေရဲ့ အကူအညီများ ဆရာသမားဖြစ်သူ စည်သူပလပ်ကျွတ်ရဲ့ အကူအညီများ နဲ့ ဂျမ်းတောလေးတစ်ယောက် လက်ရှိမှာ အွန်လိုင်းပေါ်မှာ စျေးတွေတောင် ရောင်းနေပြီပဲ ဖြစ်ပါတယ်။


ဒီကနေ့ နယုန်လပြည့်နေ့ (မဟာသမယ အခါတော်နေ့) မှာလည်း ဂျမ်းတောလေးနဲ့ စည်သူပလပ်ကျွပ်တို့ ဆရာတပည့်အဖွဲ့ (ဂျမ်းစည်ဘုံတို့ အဖွဲ့) က ဘုန်းကြီးကျောင်းမှာ အိမ်သာဆေး ကုသိုလ်လေး ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
ဂျမ်းတောလေးတို့ ဆရာတပည့်တွေ တတ်ညီလက်ညီနဲ့ ဘုန်းကြီးကျောင်း အိမ်သာဆေးနေတဲ့ ဗီဒီယိုလေးက မြင်သူတိုင်းကို ကြည်နူး ပီတိ ဂွမ်းဆီထိ ဖြစ်သွားစေပါတယ်။ မိခင်ကြီးမရှိတော့တဲ့နောက်ပိုင်းမှာ ဂျမ်းတောလေးဘဝကို လူတော်တော်များများက စိုးရိမ်ခဲ့ပေမယ့် အခုဆိုရင် ဂျမ်းတောလေးတစ်ယောက် အရင်ကထက် အများကြီး ပိုပြီး အဆင်ပြေနေပြီပဲ ဖြစ်ပါတယ်။

မကြာသေးမီကလည်း အွန်လိုင်းစျေး တစ်ခု ရောင်းချပေးဖို့အတွက် ဂျမ်းတောတို့ ဆရာ တပည့်တွေ ဆံပင် သွားသ ခဲ့ကြသေးတယ်လို့ သိရပါတယ်။


မိဘနဲ့ မောင်နှမတွေကို ပြန်ကြည့်တတ်တဲ့ ဂျမ်းတောလေးတစ်ယောက် အရင်ကထက် ပိုအဆင်ပြေပြီးအစစအရာရာ အောင်မြင်လာစေဖို့ မျှော်လင့်ရင်း အခုအကြောင်းအရာလေးကို ဖော်ပြပေးလိုက်ပါတယ် ။





