မိုက်ကယ်ဂျက်ဆင်ဆိုတာ ကျနော်တို့ ငယ်ဘဝရဲ့ Pop ဟီးရိုးကြီးဖြစ်ပါတယ်။ မိုက်ကယ်ဂျက်ဆင်ရဲ့ သီချင်းတွေနဲ့ အကတွေဟာဆိုရင် သူကွယ်လွန်ပြီးတဲ့အထိ လူသိများနေဆဲဖြစ်ပြီး ဒီနေ့ခေတ် Dancers တော်တော်များများ အတုခိုး၊ နည်းယူရလောက်တဲ့အထိ အောင်မြင်တဲ့ Pop King ကြီးလည်းဖြစ်ပါတယ်။

တနင်္ဂနွေနေ့က ကျင်းပတဲ့ 2022 Tony Awards ဆုပေးပွဲမှာ ကွယ်လွန်သူ မိုက်ကယ်ဂျက်ဆင်ရဲ့ သားနဲ့ သမီးဖြစ်တဲ့ ပဲရစ်နှင့် ပရင့်စ်ဂျက်ဆင်တို့ဟာ သူတို့ရဲ့ဖခင်ကို ဂုဏ်ပြုခဲ့ကြပါတယ်။ သူတို့နှစ်ဦးဟာ သူတို့ဖခင်ရဲ့ဘဝ အစိတ်အပိုင်းတွေကို ပုံဖော်ထားတဲ့ “MJ: The Musical” သရုပ်ဆောင်မှုဖြင့် ရေဒီယိုစီးတီးဂီတခန်းမ စင်မြင့်ပေါ်မှာ ဖျော်ဖြေတင်ဆက်ခဲ့ပြီး ထိပ်တန်းဆုအတွက်လည်း အမည်စာရင်း သွင်းခံခဲ့ရပါတယ်။

25 နှစ် အရွယ်ရှိတဲ့ သားဖြစ်သူနဲ့ 24 နှစ်ရှိတဲ့ သမီးဖြစ်သူတို့ဟာ ကွယ်လွန်သူ ပေါ့ပ်ဘုရင် သူတို့ရဲ့ဖခင်ကို ဂုဏ်ပြုခဲ့ကြပြီး ဂီတကို ချစ်မြတ်နိုးကြောင်း ပြောကြားခဲ့ပါတယ်။ “MJ: The Musical” ဟာ သူ့ရဲ့ “Dangerous” ဖျော်ဖြေရေးခရီးစဉ်အတွင်း Jackson ရဲ့ဘ၀ကိုပြသခဲ့ပြီး အကောင်းဆုံးဂီတနှင့် သရုပ်ဆောင်မှုအပါအဝင် Tony Awards 10 ဆုအတွက် အမည်စာရင်းတင်သွင်းခံခဲ့ရပါတယ်။

မကြာသေးမီက ပဲရစ်ဂျက်ဆင်ဟာ သူအဖေက သူတို့ကို ပြင်းထန်သော တင်းကျပ်တဲ့ အလုပ်ကျင့်ဝတ်တွေနဲ့ ဂီတတို့ကို ပေါင်းစပ်ပြီး ပြိုးထောင်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ "ကျွန်မတို့အဖေက ကျွန်မတို့ကို ယဉ်ကျေးအောင်၊ ပညာတတ်အောင်၊ မွေးမြူခဲ့ပြီး ဂီတအနုပညာနဲ့ နီးစပ်အောင် သင်ကြားပေးခဲ့တယ်” လို့ ပြောပြပါတယ်။
Photo-credit
သတင်း အရင်းအမြစ်៖ New York Post





