"အချစ်လှေကားထစ်လေးများ" ဇာတ်လမ်းတွဲထဲမှာ Park Shin Hye နဲ့ သရုပ်ဆောင်ခဲ့တဲ့ Beak Sung Hyun ရဲ့ လက်ရှိအခြေအနေ

//s9.kh1.co/f0/f062f9d41d014183fb1efabf4098716e208756f7.jpg
အနုပညာရှင်များ

 ၁၃-ဇွန်-၂၀၂၂ ၃pm · လွန်ခဲ့သော ၄ နှစ် က

Unnie Park Shin Hye ကတော့ အောင်မြင်ကျော်ကြားနေပြီး Oppa ကတော့ .....

အနုပညာလောကထဲကို တူတူစတင်ပြီး ဝင်ရောက်ခဲ့ကြတဲ့ "အချစ်လှေကားထစ်လေးများ" ဇာတ်ကားထဲမှာ ပါဝင်ခဲ့တဲ့ ကလေးကြယ်ပွင့်နှစ်ယောက်ကတော့ အခုအချိန်မှာ လုံးဝ ကွဲပြားတဲ့ ဘဝတွေမှာရှိနေပါပြီ။ "အချစ်လှေကားထစ်လေးများ" ဇာတ်ကား က ပရိသတ်တွေကို မျက်ရည်ကျစေတဲ့ အရမ်းကို ဝမ်နည်းဖို့ကောင်းတဲ့ ကိုရီးယား ဒရမ်မာ ဇာတ်ကားတစ်ခုလည်း ဖြစ်ပါတယ်။

Photo Credit : Kbizoom
Photo Credit : Kbizoom
Photo Credit : Kbizoom
Photo Credit : Kbizoom

2003 ခုနှစ်မှာ ထုတ်လွှင့်ခဲ့တဲ့ "အချစ်လှေကားထစ်လေးများ" ဇာတ်ကားထဲမှာ ကလေးသရုပ်ဆောင်နှစ်ယောက်အဖြစ် Park Shin Hye နဲ့ Baek Sung Hyun တို့က ပါဝင်သရုပ်ဆောင်ခဲ့ကြပါတယ်။ အဲ့အချိန်တုန်း သဘာဝကျကျ တူတူတွဲသရုပ်ဆောင်ဖူးခဲ့ကြပေမယ် နောက်ပိုင်းမှာတော့ မင်းသမီး Park Shin Hye ကတော့ ရုပ်ရှင်ကားပေါင်းများစွာကို ရိုက်ကူးနိုင်ခဲ့ပြီး အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ မင်းသား Baek Sung Hyun က တော့ ကံဆိုးစွာနဲ့ပဲ Park Shin Hye လိုတော့ မအောင်မြင်ခဲ့ပါဘူး။

Photo Credit : Kbizoom
Photo Credit : Kbizoom

Park Shin Hye

"အချစ်လှေကားထစ်လေးများ" ဇာတ်ကားပြီးတဲ့နောက်မှာတော့၊ Park Shin Hye ရဲ့အသက်မွေးဝမ်းကြောင်းက အရမ်းကို အောင်မြင်ခဲ့ပါတယ်။ သူမတော့ ပရောဂျက်အသစ်တွေကို ပုံမှန်လက်ခံရရှိခဲ့ပြီး မြန်မြန်ဆန်ဆန်နဲ့ အောင်မြင်လာခဲ့တာပါ။ Park Shin Hye ကတော့ တီဗီဇာတ်လမ်းတွဲတွေမှာရော ရုပ်ရှင်သရုပ်ဆောင်အဖြစ်ပါအောင်မြင်ကျော်ကြားတဲ့သူ ဖြစ်ပြီး ကိုရီးယားထိပ်တန်းကြယ်ပွင့်တွေထဲက တစ်ဉီးဖြစ်နေဆဲပါ။

Photo Credit : Kbizoom
Photo Credit : Kbizoom

Park Shin Hye ကတော့ အနုပညာမှာသာမက သူမကအချစ်ရေးမှာလည်း ကံကောင်းတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။ သူမမှာ လှပတဲ့ အချစ်ဇာတ်လမ်းလေးရှိခဲ့ပြီး ခင်ပွန်းဖြစ်သူကလည်း မင်းသားချော Choi Tae Joon ဖြစ်ပါတယ်။ သူတို့နှစ်ယောက်က ဒဏ္ဍာရီထဲကလို မင်္ဂလာပွဲကို ခမ်းနားစွာ ကျင်းပခဲ့ပြီး အခုဆိုရင်လည်း သားလေးတစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။

Photo Credit : Kbizoom
Photo Credit : Kbizoom

Beak Sung Hyun

Park Shin Hye လိုမျိုး ကံမကောင်းခဲ့တဲ့ မင်းသား Baek Sung Hyun ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေ မရရှိခဲ့ပါဘူး။ အဓိက ဇာတ်ဆောင်မင်းသားတစ်ယောက်ဖြစ်ဖို့ ရည်မှန်းထားပေမယ့် လက်ရှိမှာတော့ Baek Sung Hyun က ဇာတ်ပို့ အနေနဲ့ပဲ သရုပ်ဆောင်နေရပါတယ်။ Park Shin Hye နဲ့ ယှဉ်ရင် Baek Sung Hyun ရိုက်ကူးခဲ့တဲ့ ဇာတ်ကားအရေအတွက်က မနည်းလှပေမယ့် သူ့သရုပ်ဆောင်ချက်တွေကိုတော့ ပရိသတ်တွေက အရမ်းကြီးအားမပေးခဲ့ပါဘူး။ သူနောက်ဆုံးရိုက်ထားတဲ့ The Magic (2021) ကလည်း ပရိသတ်တွေရဲ့ အားပေးမှုကို မရရှိခဲ့ပါဘူး။

Photo Credit : Kbizoom
Photo Credit : Kbizoom

Park Shin Hye နဲ့ Baek Sung Hyun တို့ရဲ့ တစ်ခုတည်းသော တူညီမှုတစ်ခုကတော့ သူ့တို့မှာ အရမ်းကို ပြည့်စုံတဲ့ အိမ်ထောင်ရေး တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ Baek Sung Hyun က 2020 မှာ လက်ထပ်ခဲ့ပြီး အခုဆို ဖခင်တစ်ယောက်ဖြစ်နေပါပြီ။

Photo Credit : Kbizoom
Photo Credit : Kbizoom

Source : Kbizoom

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T