လက်ထပ်ပြီးသွားတဲ့အခါ ကိုယ်လုပ်ရမယ့် အိမ်ထောင်မှု တာဝန်တွေကို ခွဲပြီးသွားပြီဆိုတဲ့ Mark Prin နဲ့ Kimmy

//s9.kh1.co/ef/ef57bc404c45262d0c51b5cac0f1456ac5393661.jpg
အနုပညာရှင်များ

 ၁၃-ဇွန်-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၄ နှစ် က

အခုကတည်းက တာဝန်ကိုယ်စီနဲ့ ... ပန်းကန်ဆေး အိမ်သန့်ရှင်းရေး အဝတ်လျှော်က ကော်ရီးတာဝန်တဲ့

ပရိသတ်တွေရဲ့ အချစ်တော် စုံတွဲလေးဖြစ်တဲ့ ထိုင်းမင်းသား Mark Prin နဲ့ ထိုင်းမင်းသမီးချောလေး Kimmy ကတော့ ထိုင်းနိုင်ငံမှာသာမက မြန်မာပရိသတ်တွေ အားကျရတဲ့ Idol Couple လေးဖြစ်ပါတယ်။ အနုပညာဘက်မှာလည်း တစ်ယာက်ချင်းစီက နာမည်ကြီးပြီး အောင်မြင်မှုရထားကြတဲ့ သူလေးတွေပါ။

Photo Credit : MARK Prin Suparat Myanmar Fan Club
Photo Credit : MARK Prin Suparat Myanmar Fan Club
Photo Credit : MARK Prin Suparat Myanmar Fan Club
Photo Credit : MARK Prin Suparat Myanmar Fan Club

ရည်းစားသက်တမ်း (၈)နှစ်ကျော် တွဲလာခဲ့တဲ့ သူတို့ နှစ်ဦးက ဧပြီလ ၂၁ ရက်နေ့ကပဲ Switzerland မှာလက်ထပ်ခွင့်တောင်းလိုက်တာ ဖြစ်ပြီး သူတို့ သတင်းကို ကြားပြီး ပရိသတ်တွေကပါ ဝမ်းသာမျက်ရည် ကျခဲ့ရပါသေးတယ်။ သူတို့ ရဲ့ မင်္ဂလာပွဲသတင်းလေးကို နားစွင့်နေကြတဲ့ ပရိသတ်တွေအတွက် Mark Prin က အင်တာဗျူးတိုင်းမှာ ထည့်ဖြေပေးလေ့ရှိပါတယ်.။

Photo Credit : MARK Prin Suparat Myanmar Fan Club
Photo Credit : MARK Prin Suparat Myanmar Fan Club
Photo Credit : MARK Prin Suparat Myanmar Fan Club
Photo Credit : MARK Prin Suparat Myanmar Fan Club

ဒီတစ်ခါမှာလည်း မနေ့က 36th TV GOLD AWARDS ဆုပေးပွဲက Interview မှာ Mark Prin က " ကျွန်တော်တို့ တာဝန်တွေ ကိုယ်စီခွဲခြား သတ်မှတ်ပြီးသွားပါပြီ။ ပန်းကန်ဆေး အိမ်သန့်ရှင်းရေး အဝတ်လျှော်က ကျွန်တော့်တာဝန်ဖြစ်ပြီး အချက်ပြုတ် ပန်းပင်တွေရေလောင်း ပန်းအိုးအလှထိုးတာနဲ့ အိမ်ရဲ့ခန်းဆီးလိုက်ကာတွေပြင်ဆင်တာက တော့ Kimmy ရဲ့တာဝန်ပါ" လို့ ဖြေကြားသွားခဲ့ပါတယ်။ မင်းသား မင်းသမီးတွေဖြစ်ပေမယ့်လည်း ချစ်တဲ့သူနဲ့ အိမ်ထောင်ပြုရင် အိမ်မှုကိစ္စလည်းလုပ်ရပါတယ်နော် ....

Photo Credit : MARK Prin Suparat Myanmar Fan Club
Photo Credit : MARK Prin Suparat Myanmar Fan Club
Photo Credit : MARK Prin Suparat Myanmar Fan Club
Photo Credit : MARK Prin Suparat Myanmar Fan Club

Source: MARK Prin Suparat Myanmar Fan Club

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T