Cake ထဲကနေ ပိုက်ဆံတွေ ထွက်လာလို့ ပျော်နေတဲ့ ဂျမ်းတောလေးရဲ့ ရုပ်သံဖိုင်

//s9.kh1.co/98/987a0a2f5b70d717d61e2601137fb5d4c523fead.jpg
အနုပညာရှင်များ

 ၁၃-ဇွန်-၂၀၂၂ ၉am · လွန်ခဲ့သော ၄ နှစ် က

၁၁ သောင်း၊ ၁၂ သောင်း ရေတွက်ပြီး ပျော်နေတဲ့ ဂျမ်းတောလေး ?❤️ အပျော်တွေ ကူးစက်ရပါတယ် ?

သမန်းကုန်းကျေးရွာမှာ နေထိုင်တဲ့ အသက် (၁၀) နှစ်အရွယ် သရက်ကင်သည်လေး ဂျမ်းတောကတော့ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်နေသူလေးဖြစ်ပါတယ်။ မကြာသေးမီကမှ မိခင်ဖြစ်သူကလည်း ရောဂါနဲ့ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ အသက်ငယ်ငယ်လေးနဲ့ ခက်ခဲတဲ့ လောကဓံကို ရင်ဆိုင်နေကြတာကြောင့် ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်နေတာ ဖြစ်ကြပါတယ်။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 

ဂျမ်းတောလေးကို အလှူရှင်တွေကလည်း ဝိုင်းဝန်းထောက်ပံ့ကြသလို သရုပ်ဆောင် စည်သူပလပ်ကျွတ်ကလည်း တတ်နိုင်သလောက် ကူညီထောက်ပံ့နေပါတယ်။ ဂျမ်းတောလေးက ပင်ပင်ပန်းပန်း သရက်ကင်တွေ လိုက်လံ ရောင်းချနေစရာမလိုတော့ဘဲ အခုဆိုရင် ကိုစည်သူနဲ့အတူ Online ပေါ်မှာ စျေးရောင်းနေတာ ဖြစ်ပါတယ်။

Photo Credit : စည်သူ ဘီးကျဲ's FB Acc 
Photo Credit : စည်သူ ဘီးကျဲ's FB Acc 
Photo Credit : စည်သူ ဘီးကျဲ's FB Acc 
Photo Credit : စည်သူ ဘီးကျဲ's FB Acc 
Photo Credit : စည်သူ ဘီးကျဲ's FB Acc 
Photo Credit : စည်သူ ဘီးကျဲ's FB Acc 

မနေ့က မျက်မှန်ဆိုင်မှာ Live လွှင့်ဈေးရောင်းနေပြီး မျက်မှန်ဆိုင်ကနေ Cake လက်ဆောင်ပေးတဲ့ ထဲမှာ ၁သောင်းတန်တွေ ပါလာတာကြောင့် ဂျမ်းတောလေးတစ်ယောက် ပျော်နေရှာတာ ဖြစ်ပါတယ်။ Cake ထဲကနေ ထွက်လာတဲ့ ၁ သောင်းတန်တွေကို ၁၁သောင်း၊ ၁၂သောင်း ရေတွက်ပြီး ပျော်နေတဲ့ ဂျမ်းတောလေးရဲ့ Video ကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source : စည်သူ ဘီးကျဲ's FB Acc 

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T