တေးရေးဦးထူးဝါးရဲ့မျိုးဆက်လေးဖြစ်တဲ့ နော်မာသာထူးဝါးဟာ ဖခင်ဖြစ်သူရဲ့ဂီတအမွေကို ဆက်ခံနိုင်တဲ့ သမီးလေးတစ်ယောက်ဖြစ်ပါတယ်။ ငယ်စဉ်ကထိုင်းနိုင်ငံမှာနေခဲ့ပြီး ဖခင်ဖြစ်သူဆုံးပါးပြီးနောက်ပိုင်း ကျန်ရစ်တဲ့မိသားစုတွေက ကိုရီးယားနိုင်ငံကိုပြောင်းရွှေ့ နေထိုင်ခဲ့ပါတယ်။ သူမရဲ့အမေကလည်း ပြီးခဲ့တဲ့ (၂၉) ရက်နေ့ကပဲ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။


ဖိုးမူကြီးရဲ့ ရင်တွင်းခံစားချက် အစစ်အမှန်တစ်ခုဖြစ်တဲ့ ” အိမ်လေးတစ်လုံးလိုချင်တယ် ” သီချင်းဟာ အောင်မြင်မှုရရှိခဲ့ပြီး အားပေးတဲ့ပရိသတ်တွေလည်း ရှိလာခဲ့ပါတယ်။ အသက်ငယ်ငယ်နဲ့ အောင်မြင်ခဲ့တဲ့ ဖိုးမူကြီးဟာ သူမရဲ့ဂီတအရည်အသွေးကို ပိုပြီးမြှင့်တင်နိုင်အောင်ကြိုးစားနေသူလေးပါ။


အသက်(၁၅) နှစ်အရွယ်သာရှိသေးတဲ့ မာသထူးဝါးလေးကတော့ (၁၃)နှစ်အရွယ်နဲ့ (၁၁)နှစ် အရွယ် မောင်လေးနှစ်ယောက် ကို အစ်မကြီး အမိရာပီပီ သူမရဲ့ အနုပညာလေးနဲ့ ရှာဖွေစောင့်ရှောက်နေတာပဲဖြစ်ပါတယ်။ ဒီနေ့မှာလည်း သူမအမေကွယ်လွန်ပြီးနောက် Cover song သီဆိုထားတဲ့ Video လေးကိုဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။ ဖိုးမူကြီးရဲ့ ရှေ့ဆက်လျှောက်ရမဲ့ အနုပညာတွေကို ပိုအားပေးလိုက်ကြရအောင်နော် ..

Source: Martha Htoowah's FB Acc