သိမ်းငှက်သူရဲကောင်း ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက် ရရှိခဲ့တဲ့ ဂူဂူး (Liu Yifei ) ကိုအားလုံးပဲ သိကြမှာပါနော်။ မမ Liu Yifei က အသက် ၃၄ နှစ်အရွယ်ရှိပြီ ဖြစ်ပြီး ကြွယ်ဝချမ်းသာလွန်းတဲ့မင်းသမီး တစ်လတ် ဖြစ်ပါတယ်။


မမ Liu Yifei က ၁၆ နှစ်တာကာလ အနုပညာလှုပ်ရှားမှုတွေကနေ ငြိမ်ကျသွားပြီးတဲ့နောက်မှာ ပထမဦးဆုံးအနေနဲ့ A Dream Of Splendor web series နဲ့ ပရိသတ်တွေရှေ့ကို ပြန်ရောက်ရှိလာခဲ့ပါတယ်။

ရုပ်ရှင်ဇာတ်လမ်းတွဲတွေရဲ့ အောင်မြင်မှုဆိုတာ အဲဒီရုပ်ရှင်ကို ရိုက်ကူးပေးတဲ့ ရုပ်ကူးရေးဝန်ထမ်းတွေနဲ့လည်းအများကြီး သက်ဆိုင် မှုရှိပါတယ်။

လူတော်တော်များများက ရိုက်ကူးရေးတစ်ခုပြီးသွားရင် မင်းသား မင်းသမီးတွေကိုပဲ အမှတ်ရလေ့ရှိကြပြီးရိုက်ကွင်းနောက်က ဝိုင်းဝန်းကြိုးစားပေးကြတဲ့ ရိုက်ကူးရေးဝန်ထမ်းတွေကိုတော့ မေ့နေတတ်ကြပါတယ်။ တရုတ်မင်းသမီးလေး Liu Yifei ကတော့ အဲဒီလို မဟုတ်ပါဘူး။ Liu Yifei လေးက စျေးအကြီးဆုံး တန်ဖိုးမြင့် အမှတ်တံဆိပ်ဖြစ်တဲ့ LV အိတ်တွေကို ရိုက်ကူးရေးဝန်ထမ်းတွေဆီ တစ်ယောက် တစ်အိတ်လက်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Liu Yifei လက်ဆောင်ပေးခဲ့တဲ့ အိတ်ရဲ့တန်ဖိုးက တစ်အိတ်ကို အမေရိကန်ဒေါ်လာ ၁၀၀၀ (မြန်မာငွေ ၁၉ သိန်းဝန်းကျင် ) ခန့် တန်ဖိုး ရှိပါတယ်။ ရာပေါင်းများစွာရှိတဲ့ ရိုက်ကူးရေးဝန်ထမ်းတွေ တစ်ယောက်ချင်းစီကို LV အိတ်တွေ ရက်ရက်ရောရောလှူဒါန်းပေးခဲ့တဲ့ မမ ဂူးဂူးရဲ့ ရက်ရောချက်ကတော့ တကယ်ကို အံ့မခန်းပါပဲနော်။ တရုတ်မင်းသမီးလေး ဂူဂူးရဲ့ ဝန်ထမ်းတွေအပေါ် စေတနာရက်ရောမှုလေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Photos: Liu Yifei/Weibo, Liu Yan/Weibo





