မျက်ဝန်းထဲက မှဲ့နက်ကလေးနဲ့အတူ ပီပြင်ပိုင်နိုင်လွန်းတဲ့ သဘာဝဆန်ဆန် သရုပ်ဆောင်ချက်များ ၊ စိတ်ထားကောင်းလွန်းပြီး အေးချမ်းလွန်းတဲ့အပြုံး ၊ ကျစ်လျစ်လှပတဲ့ခန္ဓာကိုယ် နဲ့ ပရိတ်သတ်တွေရင်ထဲနေရာယူထားသူကတော့ မင်းသမီးချော အိန္ဒြာကျော်ဇင် ပဲဖြစ်ပါတယ်။


အူဝဲ လို့ လူသိများတဲ့ အိန္ဒြာကျော်ဇင် ကတော့ ပြည်သူလူထုပရိတ်သတ် ရဲ့ဆန္ဒနဲ့အတူ ရပ်တည်ကာ နိုင်ငံရေးလှုပ်ရှားမှုများပြုလုပ်ခဲ့တဲ့အတွက် ထိန်းသိမ်းခံခဲ့ရပြီး သိပ်မကြာခင်ကမှ ပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာခဲ့ပေမယ့် ယနေ့ထက်တိုင် ပရိတ်သတ်ရှေ့ကို ထွက်မလာတဲ့အတွက် ပရိတ်သတ်တွေက အူဝဲ ကိုအနုပညာလောကမှ စွန့်ခွာတော့မယ် လို့ ထင်မှတ်ကာ အချို့သော သူတွေက သတင်းအမှားများထုတ်လွှင့်နေကြတာဖြစ်ပါတယ်။


အဲ့သလို သတင်းအမှားများထုတ်လွှင့်လာမှုအပေါ် အိန္ဒြာကျော်ဇင် ရဲ့ အစ်မဖြစ်သူ မအိကျော်ဇင်က ဒီကနေ့မှာ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ ရေးသားလာခဲ့ပါပြီ။ သူမက " မောင်လေးပြေတီဦးနဲ့ညီမလေး အိန္ဒြာကျော်ဇင်တို့ရဲ့ သတင်းအမှားတွေအခုတလောခဏခဏတက်နေတာနဲ့ ပတ်သက်လို့ သူတို့ရဲ့အနုပညာကိုတန်ဖိုးထားပြီး ချစ်ပေးတဲ့ ပရိသတ်တွေအနေနဲ့ မိသားစုကတင်တဲ့သတင်းကလွဲလို့ဘယ်သတင်းမှ မယုံကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ညီမလေး အိန္ဒြာကျော်ဇင်ဟာ အခုအချိန်မှာ တစ်ချို့သော ကျန်းမာရေးပြဿနာတွေရှိလို့ ဆေးကုသမှုခံယူပြီး ဆရာဝန်ညွှန်ကြားချက်အတိုင်း အနားယူနေရတဲ့ အခြေအနေမှာပဲ ရှိနေပါသေးတယ်။ကိုယ်တိုင်ပရိသတ်ရှေ့ကို မထွက်နိုင်ခင်မှာ သူချစ်တဲ့ ပရိသတ်နဲ့ ထိတွေ့နိုင်မယ့် နည်းလမ်းလေးတွေ စဉ်းစားနေတယ်လို့လဲ ညီမလေးကပြောပါတယ်။ဒါကြောင့် မိသားစုက အတည်ပြုထားခြင်း မရှိတဲ့ သတင်းအမှားတွေအတွက် မစိုးရိမ်ကြပါနဲ့လို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင့်။ " လို့ရေးသားလာတာဖြစ်တဲ့အတွက် ပရိတ်သတ်ကြီးလည်း သတင်းအမှားတွေကိုမယုံဖို့ မေတ္တာရပ်ခံပါရစေနော်။












