MRTV 4 ဇာတ်လမ်းတွဲတွေကနေတစ်ဆင့် အနုပညာလမ်းပေါ်လျှောက်လှမ်းလာခဲ့တဲ့ မင်းသားချော မြတ်သူကျော်ကတော့ "Sign of Love" ဇာတ်လမ်းတွဲကနေ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့သူပဲ ဖြစ်ပါတယ်။



ယောကျာ်းဆန်ဆန်ဆွဲဆောင်မှုရှိပြီး ချိုသာတဲ့ အပြုံးလေးတွေကြောင့် မိန်းကလေးတွေရဲ့ အသည်းကျော်လေး ဖြစ်နေရတာပါ။ အခုနောက်ပိုင်းမှာတော့ အနုပညာလှုပ်ရှားမှုတွေ နည်းပါးသွားခဲ့တာကြောင့် ပရိသတ်တွေက လွမ်းဆွတ်နေကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ အနည်းငယ်ဝေးကွာသွားခဲ့တဲ့ မြတ်သူကျော်က အခုဆိုရင် အရင်ပုံစံနဲ့ မတူဘဲ စတိုင်အသစ်တစ်မျိုးနဲ့ ပရိသတ်အရှေ့ကို ပြန်လည်ရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။



မြတ်သူကျော်က "သိပ်မချောလို့ သည်းခံ ကြည့်ပေးပါ..." ဆိုတဲ့ Caption လေးနဲ့ အတူ လက်ရှိ ပုံလေးတွေနဲ့အတူ မျှဝေထားတာပဲ ဖြစ်ပါတယ်။ ပုံလေးတွေထဲမှာတော့ မြတ်သူကျော်က အရင်တုန်းက ပုံစံနဲ့မတူဘဲ ဆံပင်အရှည်ကြီးနဲ့ အရမ်းကို ပိန်သွားတာပဲ ဖြစ်ပါတယ်။





Source : Myat Thu Kyaw's FB Acc