လေ တခြမ်းဖြတ်ပြီး ပါးရွဲ့သွားတဲ့ Justin Bieber

//s9.kh1.co/de/de810238dd8c21cc1c44bcadf66d62732173a609.jpg
အနုပညာရှင်များ

 ၁၁-ဇွန်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ဖျော်ဖြေပွဲတွေလုပ်နိုင်မှာ မဟုတ်သေးဘဲ ကျန်းမာရေးပြန်ကောင်းဖို့လေ့ကျင့်ခန်း တွေလုပ်နေရ…

ကမ္ဘာကျော် ကနေဒါနိုင်ငံသား အဆိုတော်  Justin Bieber ဟာဆိုရင် ကမ္ဘာမှာအအောင်မြင်ဆုံးလို့ ပြောလို့ရသလို ကျနော်တို့အားလုံးသဘောကျ နှစ်သက်ကြပါတယ်။ Justin Bieber သာ ဂီတလောက ကနေအနားယူသွားမယ်ဆိုရင် ဘယ်လိုနေမလဲဗျ။

အရင်က Justin Bieber 
အရင်က Justin Bieber 

Justin Bieber က မနေ့ကသူ့ရဲ့ Instagram ကနေတဆင့် သူဟာလေဖြန်းရောဂါ ခံစားခဲ့ရကြောင်း အသိပေးလာခဲ့ပါတယ်။ သူဟာသူ့ရဲ့ မျက်နှာတခြမ်း လေဖြတ်ခဲ့တဲ့ ဗိုင်းရပ်စ်ပိုးကို ကုသခဲ့ရကြောင်းနဲ့ လာမယ့်ပွဲတွေကိုလည်း ဖျက်ထားရပြီး အလုံးစုံပြန်ကောင်းဖို့ အချိန်ယူနေရကြောင်း ပြောပြခဲ့ပါတယ်။

လေဖြတ်တာ‌ကြောင့် ပါးရွဲ့သွားတဲ့ ဘီဘာ
လေဖြတ်တာ‌ကြောင့် ပါးရွဲ့သွားတဲ့ ဘီဘာ

Instagram မှာ တင်ထားတဲ့ ဗီဒီယိုတစ်ခုမှာတော့ Bieber က၊ သူ့နားနဲ့ မျက်နှာမှာရှိတဲ့ အာရုံကြောတွေကို ထိခိုက်‌စေတဲ့ Ramsay Hunt Syndrome ကူးစက်ခံထားရပြီး  ညာဘက်မျက်တောင်ခတ်မရကြောင်းနဲ့ ပြုံးလို့လည်းမရကြောင်း ပြောပြပါတယ်။

ပြန်ကောင်းဖို့ ကြိုးစားနေရ
ပြန်ကောင်းဖို့ ကြိုးစားနေရ

 ဒါကြောင့်ပဲ သူဟာလာမယ့်လတွေမှာ ဖျော်ဖြေပွဲတွေ လုပ်နိုင်မှာမဟုတ်ကြောင်းနဲ့ အခုသူ့ရဲ့ရောဂါသက်သာ‌လာအောင် မျက်နှာလေ့ကျင့်ခန်းတွေ လုပ်နေရကြောင်း ပြောထားပါတယ်။ အသက် ၂၈နှစ် ရှိပြီဖြစ်တဲ့ Bieber က "အချိန် ဘယ်လောက်ယူရမလဲ မသိပေမယ့် ပြန်ကောင်းသွားမှာပါ" လို့ပြောခဲ့ပါတယ်။

ကမ္ဘာကျော်တဲ့ ဘီဘာ
ကမ္ဘာကျော်တဲ့ ဘီဘာ

Justin Bieber ဟာဆိုရင် ဂီတလောကမှာ ၁၃ နှစ် ကျော်အောင်မြင်လာခဲ့တဲ့ ပေါ့ပ် အဆိုတော်တစ်ယောက်ဖြစ်ပြီး ဂရမ်မီဆု ၂ဆု ကိုလည်းရထားတဲ့ အအောင်မြင်ဆုံး အဆိုတော်တယောက် လည်းဖြစ်ပါတယ်။

Photo-credit

သတင်း အရင်းအမြစ် Reuters

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T