တစ်ချိန်တစ်ခါက အရမ်းကိုလူကြိုက်များပြီး အောင်မြင်မှုတွေရရှိခဲ့တဲ့ Autumn In My Heart (ဆောင်းဦးရွက်ကြွေ ချစ်သက်သေ ) ဇာတ်လမ်းတွဲဟာဆိုရင် မြန်မာ ပရိသတ်တွေနဲ့ စိမ်းကားမှု မရှိတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။
၂၀၀၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Autumn In My Heart ဇာတ်လမ်းတွဲဟာဆိုရင် ပရိသတ်ပေါင်းများစွာရဲ့အားပေးမှုကိုရရှိခဲ့ရုံသာမက ပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့ ဇာတ်ကောင်တွေကိုပါ ကြီးမားတဲ့ အောင်မြင်မှုတွေ ပေးခဲ့တဲ့ဇာတ်လမ်းကြီး ဖြစ်ပါတယ်။

ဆောင်းဦးရွက်ကြွေချစ်သက်သေ ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ကလေး သရုပ်ဆောင်လေး နှစ်ဦးဖြစ်ကြတဲ့ Moon Geun Young နဲ့ Lee Ae Jeong ရဲ့ကံကြမ္မာဟာဆိုရင်လည်း ပရိသတ်တွေကို များစွာ အံ့ဩတုန်လှုပ်သွားစေခဲ့ပါတယ်။

Moon Geun Young ဟာ ၂၀၁၇ ခုနှစ်မှာ ကိုယ်ခန္ဓာချို့ယွင်းမှု ရောဂါ(acute compartment syndrome ) ဖြစ်ပြီးအရေးပေါ် ခွဲစိတ်ကုသမှု ခံခဲ့ရပါတယ်။

ခွဲစိတ်မှုကြောင့် သူမရဲ့ အချိန်စာရင်းတွေ အားလုံး ဖျက်ခဲ့ရတဲ့ Moon Geun Young ဟာ ကံကောင်းစွာနဲ့ ခွဲစိတ်မှု ၄ကြိမ် ပြုလုပ်ပြီးနောက်မှာ ပြန်လည်သက်သာလာခဲ့ပါတယ်။ ရောဂါဝေဒနာကနေ သက်သာပြီးတဲ့နောက်မှာ ကိုယ်အလေးချိန်တတ်လာပြီး ဝေဖန်ခြင်ရကို ခံခဲ့ရတဲ့ Moon Geun Young ဟာ အခုအချိန်မှာတော့ အရင်လို အလှတရားလေးကို ရရှိပိုင်ဆိုင်လာခဲ့ပြီပဲ ဖြစ်ပါတယ်။

ဆောင်းဦးရွက်ကြွေချစ်သက်သေဇာတ်လမ်း ရဲ့ နောက်ထပ် ကလေး သရုပ်ဆောင်လေးတစ်ဦးဖြစ်တဲ့ Lee Ae Jeong ဟာဆိုရင်လည်း အသက် ၂၀ အရွယ်ငယ်ရွယ်လွန်းတဲ့အချိန်မှာ ကင်ဆာရောဂါကြောင့် ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။


သူမဟာဆိုရင်လည်း ခွဲစိတ်ကုသမှုကို နှစ်ကြိမ်တိတိလုပ်ခဲ့ပေမယ့် ကင်ဆာဆဲလ်တွေကို ကုန်အောင် မသတ်နိုင်ဘဲဆုံးပါးသွားခဲ့ရတယ်လို့ သိရပါတယ်။ ဆောင်းဦးရွက်ကြွေ ချစ်သက်သေ ဇာတ်လမ်းကို လူတွေ အခုထိ မှတ်မိနေကြပေမယ့် ဇာတ်လမ်းထဲမှာ ပါဝင်သရုပ်ဆောင်ထားကြတဲ့ ဇာတ်ကောင်တွေအားလုံးကိုတော့ မှတ်မိချင်မှ မှတ်မိကြတော့မှာပါ။

လူ့လောကမှာ မရှိတော့တဲ့ ဆောင်းဦးရွက်ကြွေ ချစ်သက်သေ ဇာတ်လမ်းရဲ့ ကလေးသရုပ်ဆောင်လေးတစ်ဦးအကြောင်းကို စိတ်မကောင်းဖွယ် ဖော်ပြပေးလိုက်ပါတယ်။





