ပိုင်တံခွန်ကတော့ အာရှတစ်ခွင်မှာ သာမက အနောက်နိုင်ငံတွေထိပါ အောင်မြင်ကျော်ကြားနေတဲ့ မော်ဒယ်လ်မင်းသားတစ်လက်ပါ။ လက်ချိုးရေလို့ရတဲ့ကမ္ဘာကျော်တဲ့ မြန်မာနိုင်ငံရဲ့ အနုပညာရှင်တွေထဲက တစ်ယောက်လို့တောင်တင်စားရမှာပါ။ ပိုင်တံခွန်ကတော့ ဘယ်လိုပင်ကျော်ကြားအောင်မြင်နေပေမယ့် အမြဲပရိသတ်တွေ၊ လူကြီးသူမတွေအပေါ်မှာ လူမှုဆက်ဆံရေးကောင်းမွန်ယဉ်ကျေးတဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။


ပိုင်တံခွန်ကတော့အချစ်ရေးနဲ့ပတ်သက်ပြီး ပရိသတ်တွေကိုလည်း တရားဝင်ချပြထားသူလည်း ဖြစ်ပါတယ်။ ပိုင်တံခွန်ကောင်မလေးကလည်း သူ့ကိုအရမ်းချစ်ပြီး ခက်ခဲပင်ပန်းနေတဲ့ အချိန်တွေမှာတောင် ခွဲခွာမသွားဘဲ အနားမှာ အမြဲရှိနေပေးသူလေးဖြစ်ပါတယ်။


ဒီနေမှာလည်း ပိုင်တံခွန်ကောင်မလေးက ကမ်းခြေမှာ ပိုင်တံခွန်က သူ့ပါးလေးကိုနမ်းနေတဲ့ ပုံလေးနဲ့အတူ " ငါတို့ရဲ့ နှစ်ယောက်ရဲ့ ဆက်ဆံရေးမှာ နင့်ရဲ့ ကြိုးစားအားထုတ်မှုအားလုံးကို ငါ အရမ်းကျေးဇူးတင်တယ်။ နင့်ရဲ့ ကောင်မလေးဖြစ်ရတာ ငါအရမ်းကိုကံကောင်းလိုက်တာ... နင့်ရဲ့ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာနဲ့ ငါ့အတွက် အဆုံးမရှိတဲ့ ဂရုစိုက်မှုတွေကြောင့်လည်း ကျေးဇူးတင်ပါတယ်။ မိုးရွာတဲ့နေ့ပဲဖြစ်ဖြစ် နေသာတဲ့နေ့တွေပဲဖြစ်ဖြစ်၊ နင်က ငါ့အတွက် အမြဲတမ်း အခုရော နောင်ရော ထာဝရဖြစ်နေမှာပါ။ ဒီနှစ်တွေအတွင်းမှာ ငါတို့ အများကြီး မျှဝေခဲ့ပြီး နားလည်မှုတွေ တိုးလာခဲ့ပါတယ်။


ဒီနှစ်လို နာကျင်ရတဲ့နေ့ရက်တွေကလည်း ငါတို့ကြားမှာ ပိုပြီး ခွန်အားဖြစ်ခဲ့ပါတယ်။ ငါ့ဘဝမှာ အအောင်မြင်ဆုံးအရာတွေထဲကတစ်ခုက နင့်ကိုချစ်ခဲ့ရတာဟာ ငါလုပ်ဖူးသမျှထဲက အကောင်းဆုံး ဆုံးဖြတ်ချက်နဲ့ မှန်ကန်တဲ့ရွေးချယ်မှုပါပဲ။ ငါ့လက်ကို ဘယ်တော့မှ လက်မလွှတ်ဘဲ အမြဲတမ်း မြဲမြဲဆုပ်ကိုင်ထားလိုက်ပါ။ ငါ့ဘဝမှာ ဘယ်သူ့ကိုမှ မလိုချင်တော့ဘူး၊ ဒါကို ငါ ကတိတည်တယ်။ ငါတို့ရဲ့ အချစ်ခရီးလမ်းကို ခိုင်မာစေဖို့အတွက် လိုအပ်တာမှန်သမျှ ငါလုပ်မယ်။ အတူနေနိုင်ဖို့ အိပ်မက်တွေကို တူတူအကောင်အထည်ဖော် ထာဝရလက်တွဲသွားကြရအောင်။ နင့်ရဲ့ချစ်သူဖြစ်ရတာ အရမ်းပျော်တယ်။ အရမ်းချစ်တယ် မောင်" ဆိုပြီး သူမရဲ့ Instagram Acc မှာ ရေးသားထားတာပဲ ဖြစ်ပါတယ်.

Source : smile_lmp's IG Acc