မေနွယ်ထွန်းဆိုတဲ့ မော်ဒယ်မလေးကို အားလုံးပဲသိကြလိမ့်မယ်လို့ထင်ပါတယ်။ ခန္ဓာကိုယ်ပြည့်ပြည့်လေးနဲ့ ချစ်ဖို့ကောင်းတဲ့သူမကို ချစ်တဲ့ပရိတ်သတ်တွေနဲ့ ရင်းနှီးတဲ့သူတွေက Sweet လို့လည်း ချစ်စနိုးနဲ့ခေါ်ကြပါသေးတယ်။

မေနွယ်ထွန်းဟာ ရုပ်ရှင်ဇာတ်လမ်းတွဲလေးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့အပြင် အများစုကတော့ ကြော်ငြာတွေ အတွက်ဓာတ်ပုံမော်ဒယ်တစ်ယောက်လို့ သတ်မှတ်လို့ရပါတယ်။

သူမရဲ့ ချစ်စရာကောင်းတဲ့မျက်နှာလုံးလုံးလေးနဲ့ အသံချိုချိုကြောင့် အခုနောက်ပိုင်းမှာ Live Sale တွေရောင်းချပေးနေတဲ့ Life Queen လေးလည်းဖြစ်နေပါပြီနော်...

Live Sales တွေမှာလည်း အသံချိုချိုလေးနဲ့ ပျူပျူငှာငှာ စကားတတ်တဲ့အတွက် ရောင်းသူနဲ့ လုပ်ငန်းရှင်များကြားမှာ အဆင်ပြေစေတဲ့ မော်ဒယ်မလေးပါ။

သူမဟာ ပျော်ရွှင်စရာကောင်းတဲ့ Relationship တစ်ခုကိုလည်းလက်ရှိပိုင်ဆိုင်ထားတဲ့အပြင် သူမကိုလည်း သိပ်ချစ်ရှာတဲ့ကောင်လေးကိုပိုင်ဆိုင်ထားသူပါနော်...

လူတွေက သူမရဲ့ ခန္ဓာကိုယ်ကို ဝတယ်၊ ပုတယ် ရုပ်ဆိုးတယ်ဆိုပြီး အမျိုးမျိုးဝေဖန်ကြပေမယ့်လည်း ဒီလိုဝေဖန်လာတဲ့သူတွေကို မေနွယ်ထွန်းတစ်ယောက် ခပ်ချေချေပဲ တုန့်ပြန်လိုက်ပြီး သူမလို ပဲ တစ်ခြားဝေဖန်ခံရတဲ့ အမျိုးသမီးတွေလည်း အားမငယ်ကျဖို့ အခုလိုစာလေးရေးပြီး အားပေးခဲ့ပါတယ်....

သူမတင်ထားခဲ့တဲ့စာလေးကတော့
"ပုတယ် ဝတယ် ရုပ်ဆိုးတယ် ကြိုက်တာပြော အေးဆေး
ချစ်သူကတော့ ကမ္ဘာပေါ်မှာ အလှဆုံးတဲ့???
အသဲတို့လဲ သူများ ဝေဖန်ုမှာ ကိုယ့်ဘဝကို
မဆုံးစေနဲ့နောိ ????? "
ဟုတ်ပါတယ်... သူများရဲ့ ဝေဖန်မှုတွေကြောင့်တော့ ဘယ်သူမှ ကိုယ့်ရဲ့ ကိုယ်ပိုင်ဘဝကို အရှုံးမပေးကြနဲ့နော်...

ကိုယ်ဘယ်လို ပုံဖြစ်နေပါစေ ချစ်ပေးတတ်တဲ့သူကတော့ ချစ်မှာပါပဲ။ အဓိကက ကိုယ့်ချစ်သူ အမြင်မှာ အလှဆုံး ဖြစ်နေဖို့ပဲလိုပါတယ်နော်...
Source from May Nwe Htun 's Facebook
Photos credit from Facebook