ဆင်းရဲစုတ်ပြတ် ဘဝနာခဲ့ပြီးမှ ဒိတ်ဒိတ်ကျဲ အောင်မြင်လာတဲ့ ကိုရီးယားက ထိပ်တန်းအနုပညာရှင်တွေ

//s9.kh1.co/d4/d4834e0adcca184a3c4dcede3e228ba677b1b330.jpg
အနုပညာရှင်များ

 ၁၀-ဇွန်-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၄ နှစ် က

ကိုရီးယားမှာ အောင်မြင်ဖို့ဆိုတာ ကျနော်တို့ အ‌ရှေ့တောင်အာရှမှာလိုမျိုး လွယ်တာမဟုတ်ပါဘူး...

ကိုရီးယားကမင်းသား မင်းသမီးတွေဆိုရင် မြန်မာပြည်ကတော်တော်များများ သဘောကျနှစ်သက်ကြပါတယ်။ ဒါပေမယ့်လည်း သူတို့အခုလိုအောင်မြင်တဲ့နေရာကို ‌ရောက်လာဖို့ကတော့ ကျနော်တို့ထင်ထားတာထက် အများကြီးပိုခက်ခဲပါတယ်။ ကိုရီးယားမှာ အောင်မြင်ဖို့ဆိုတာ ကျနော်တို့ အ‌ရှေ့တောင်အာရှမှာလိုမျိုး လွယ်တာမဟုတ်ပါဘူး။ ကိုရီးယားအနုပညာရှင်တွေထဲမှာ ဆင်းဆင်းရဲရဲနဲ့ ဘဝကိုရုန်းကန်ခဲ့ရပြီးမှ ထိပ်တန်းအောင်မြင်လာတဲ့ အနုပညာရှင်တွေအကြောင်းကို ပြောပြပေးချင်ပါတယ်။

ကိုရီးယားရဲ့ ဝင်‌ငွေအကောင်းဆုံး အနုပညာရှင်တွေ
ကိုရီးယားရဲ့ ဝင်‌ငွေအကောင်းဆုံး အနုပညာရှင်တွေ

သူတို့ရဲ့ဘဝဟာ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေမှာ အဆင်ပြေတယ်၊ ပြီးပြည့်စုံထင်ရပေမယ့် တကယ်တော့သူတို့ အရွယ်ရောက်လာတဲ့ အချိန်မှာ အခက်အခဲတွေအများကြီးနဲ့ ကြုံခဲ့ရပါတယ်။ ဒါပေမယ့်လည်း သူတို့ရဲ့ မလျော့တဲ့ ဇွဲနဲ့ ကြိုးစားမှုတွေက သူတို့ကိုအောင်မြင်စေခဲ့ပြီး အောင်မြင်တိုးတက်လိုတဲ့လူတိုင်း အတုယူသင့်ပါတယ်။  သူတို့ကတော့-

1.        Park Bo Gum

Park Bo Gum ဟာ 2014 ခုနှစ်က သူ့အသက် 20 လောက်မှာ ဒေဝါလီခံမယ်ဆိုတဲ့ နာမည်ဆိုးများ ထွက်ခဲ့ပါသေးတယ်။ မီဒီယာများရဲ့ ဖော်ပြချက်အရ Bo Gum ရဲ့ဖခင်ဟာ စီးပွားရေးလုပ်ငန်း တစ်ခုကိုစတင်ဖို့ 2008 ခုနှစ်မှာ ဝမ်သန်း 300 ချေးခဲ့ပြီး အဲ့ဒိအချိန်က အသက် 16 နှစ်ပဲရှိသေးတဲ့ Bo Gum ဟာ ပူးတွဲအာမခံအဖြစ် စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ရပြီး ဖခင်ဖြစ်သူက အကြွေးမဆပ်နိုင်တဲ့အတွက် Bo Gum ရဲ့ အကြွေးဟာ ခြောက်နှစ်အကြာမှာ ဝမ်သန်း 800 ထိဖြစ်လာခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/0f/0f5f9b210c978ada4abdb0f80a5e7f51c79a0220.png

2.       IU

IU ရဲ့မိသားစုဟာ အကြွေးတွေအများကြီး တင်ပြီးတဲ့နောက်မှာ သူနဲ့ သူ့မောင်လေးတို့ဟာ နောက်ပိုင်းမှာ အဖွားအိမ်မှာသွားနေခဲ့ရပါတယ်။ အဲ့ဒီနောက် သူဟာ သီချင်းဆိုခြင်းကိုစတင်ခဲ့ပြီး အစပိုင်းမှာကံဆိုးမှုတွေနဲ့ပဲ ကြုံခဲ့ရပါတယ် အဲ့ဒီနောက်၊ ကံကောင်းစွာနဲ့ပဲ LOEN Entertainment လက်အောက်မှာ 2008 တွင် ပွဲဦးထွက်ပြီးနောက် IU ဟာ သီချင်းရော ရုပ်ရှင်နယ်ပယ်မှာပါ အောင်မြင်မှုရလာခဲ့ပါတယ်။  သူမရဲ့ ခက်ခဲကြမ်းတမ်းတဲ့ အတိတ်ကြောင့် သူမဟာ အများအပြား လှူဒါန်းခဲ့ပြီး 2019 ခုနှစ်မှာ Forbes Asia ရဲ့ “ပရဟိတသူရဲကောင်း” အဖြစ် သက်မှတ်ခံရပြီး သူမရဲ့တစ်သက်တာ အလှူငွေဟာ ဝမ် ၁.၅ ဘီလီယံကျော် ရှိနေပြီဖြစ်ကြောင်းသိရပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/7f/7f9cb7607ec304ea29558f57cbf170eed5733500.jpg

3.       Rain

Rain လို့ လူသိများတဲ့ Jung Ji Hoon ရဲ့ မိသားစုဟာ 1997 ခုနှစ်ကိုရီးယားဘဏ္ဍာရေး အကျပ်အတည်းကနေ  သူ့အဖေက ဒေဝါလီခံခဲ့ရပြီး ငွေရှာဖို့အတွက် ဘရာဇီးကို ပြောင်းခဲ့ရပါတယ်။ သူ့အမေက Korea မှာနေပြီး အစားအသောက်ရောင်းခဲ့ပြီး ကံမကောင်းစွာပဲ၊ ဆီးချိုရောဂါခံစားနေရကာ ၂၀၀၀ ပြည့်နှစ်မှာ သူမရဲ့ဆေးကုသစရိတ်ကို မပေးနိုင်တဲ့အတွက် ကွယ်လွန်သွားခဲ့ရပါတယ်။

https://s9.kh1.co/__image/w=476,h=594,q=100/fa/fa3ffe92f41d54a87d636d545917a8b717ac21d5.png

4.       Hyeri

Reply 1988 မှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ Hyeri ဟာ 2017 က tvN ရဲ့ရှိုးတစ်ခုမှာ မျက်ရည်များဝဲကာ ငယ်ငယ်တုန်းက မိဘတွေရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေကို ပြောပြခဲ့ပါတယ်။ “ကျွန်မအမေက စက်ရုံမှာ ၁၅ နှစ်ကြာ အလုပ်လုပ်ခဲ့ပြီး ကျွန်မကိုရှာကျွေးခဲ့ရပြီး အဲဒီ့အတွက် အပြစ်ရှိတယ်လို့ အမြဲခံစားရတယ်၊ သူ့အတွက် အရမ်းဝမ်းနည်းပြီး ကျေးဇူးလည်းတင်မိပါတယ်” လို့ Hyeri က ပြန်ပြောပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=399,q=100/a2/a2e03a3c8f827fcbf2816b786422c70b963f9c1d.jpg

5.       Song Jae Rim

Song Jae Rim ဟာ ငယ်ငယ်လေးကတည်းက သူ့ရဲ့ အသုံးစရိတ်တွေကို ထိန်းကျောင်းတတ်ခဲ့ပါတယ်။ မင်းသားရဲ့ ငွေကြေးအတွက်ရုန်းကန်ခဲ့ရကြောင်း 2014 ခုနှစ်က MBC ရဲ့ Human Documentary ဇာတ်လမ်းတွဲမှာ သူရဲ့ဆင်းရဲမွဲတေမှု အတိတ်အကြောင်းပြောပြခဲ့ပါတယ်။ "ကျွန်တော်ငယ်ငယ်က ငွေကြေးအကျပ်အတည်းတွေနဲ့ ကြီးပြင်းခဲ့ရတာ ဒါပေမယ့် ကျနော်ဘယ်တော့မှ အရှုံးမပေးခဲ့ပါဘူးလို့ ရှင်းပြပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/24/24017f4081466d0874f321f52dea8fb5c9f91fd9.jpg

Photo-credit

သတင်း အရင်းအမြစ် Preview.ph

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T