ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော် သရုပ်ဆောင် ဒေါက်တာ နန်းမြတ်ဖြိုးသင်းကတော့ အနုပညာလမ်းပေါ်မှာ အောင်မြင်မှုအပေါင်းနဲ့ လျှောက်လှမ်းနေသူပဲ ဖြစ်ပါတယ်။ နန်းမြတ်ကတော့ ကလေးတွေရဲ့ မေမေဖြစ်ပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တော့ပေမယ့် ပရိသတ်တွေရဲ့ အချစ်ကို သိမ်းပိုက်ထားနိုင်သူလေးလည်း ဖြစ်ပါတယ်။


နန်းမြတ်ရဲ့ သားလေး ဂျက်ဂျက်နဲ့ သမီးလေး ဂျူးဂျူး ကတော့ ပရိသတ်တွေ ချစ်ရတဲ့ အနုပညာရှင် သားသမီးတွေတည်းက တစ်ယောက် ဖြစ်ပါတယ်။ နန်းမြတ်ရဲ့ သားကြီးလေးဂျက်ဂျက်ကတော့ အရွယ်ငယ်ငယ်လေးနဲ့ မေမေဆီက အနုပညာအမွေတွေရထားသလားလို ထင်ရလောက်အောင် အိုင်တင်တွေပေးနေတတ်ပြီပဲ ဖြစ်ပါတယ်။


ကြော်ငြာတွေတောင် လက်ခံရိုက်ကူးနေပြီဖြစ်တဲ့ ဂျက်ဂျက်လေးက ဒီတစ်ခါလည်း တိုက်ပုံ ပုဆိုးလေးနဲ့ လူကြီးတစ်ယောက်လို ခန့်ညားနေတာပဲ ဖြစ်ပါတယ်။ နန်းမြတ်ကတော့ ကင်မရာရှေ့မှာနေတတ်တဲ့သားလေးဂျက်ဂျက်ရဲ့ ပုံလေးတွေကို "ကောလိပ်ဂျက်နေဝင်း ??" ဆိုပြီး ရေးသားမျှဝေခဲ့တာပဲ ဖြစ်ပါတယ်။





Source : Nann Myat Phyo Thinn's FB Acc





