သရုပ်ဆောင် မော်ဒယ် ခင်ဝင့်ဝါဟာဆိုရင် ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးနဲ့ မြင်သူတိုင်းကို ကြွေသွားလောက်စေမယ့် ချစ်စဖွယ် အလှတရားလေးကို ပိုင်ဆိုင်ထားသူလေး ဖြစ်ပါတယ်။ ကလေးလေးနဲ့ တူလွန်းတဲ့ မျက်နှာလေးကြောင့် ခင်ဝင့်ဝါလေးကို ပရိသတ်တွေက ခေးလို့လည်း ခေါ်ကြပါတယ်။ ခင်ဝင့်ဝါလေးက သူမရဲ့ တစ်နေ့တာ လှုပ်ရှားမှုလေးတွေနဲ့ အနုပညာလှုပ်ရှားမှု ပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ပေးနေကြဖြစ်ပါတယ်။


အခု တစ်ခေါက်မှာလည်း ခင်ဝင့်ဝါလေးက သူမရဲ့ အချစ်ဆုံး တူမလေးနဲ့ တွဲပြီး ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေကို လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တင်ပေးလာပါတယ်။

“တစ်ဦးတည်းသော အချစ်ရဆုံးသော တူမလေး ?
( ဓါတ်ပုံရိုက်ရအခက်ဆုံးလေး ?)”


ဓာတ်ပုံလေးထဲမှာဆိုရင် ခင်ဝင့်ဝါလေးနဲ့ သူမရဲ့ အချစ်ဆုံး တစ်ဦးတည်းသော တူမလေး ကိုတွေ့ရမှာပါ။ တူမလေးကလည်း အဒေါ် ခင်ဝင့်ဝါလေးလိုမျိုး ပါးဖောင်းဖောင်းလေးနဲ့ အသားဖြူဖြူလေးတော်တော် ချစ်ဖို့ကောင်းပါတယ်နော်။ ချစ်မွှေးလေးတွေ ပါကြတဲ့ ခင်ဝင့်ဝါတို့ တူဝရီးလေး နှစ်ယောက်ရဲ့ ဓာတ်ပုံလေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။






