သူ့ကို crush‌ နေတဲ့ ကောင်လေးအကြောင်း ဖွင့်ပြောလာတဲ့ IU

//s9.kh1.co/05/057bf1362eaedea7e506bb2001c5f9d605d01a3d.jpg
အနုပညာရှင်များ

 ၀၉-ဇွန်-၂၀၂၂ ၁၁am · လွန်ခဲ့သော ၄ နှစ် က

Jungkook ရဲ့တုံ့ပြန်မှုဟာ သိသာပေမယ့်လည်း၊ သူတို့နှစ်ဦးကြား အပြန်အလှန်တုံ့ပြန်မှုကို စောင့်မျှော်နေခဲ့ကြပါတယ်

မကြာသေးမီက BTS ရဲ့ Jungkook က IU ဟာ သူ့ရဲ့ Crush ဖြစ်ကြောင်းနဲ့၊ လေးစားရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ ထိုအချိန်မှစ၍ ARMY fans များဟာ IU နှင့် BTS တို့သည် ဆုပေးပွဲအခမ်းအနားအချို့တွင် တိုက်ဆိုင်လာတိုင်း၊ Jungkook ရဲ့တုံ့ပြန်မှုဟာ သိသာပေမယ့်လည်း၊ သူတို့နှစ်ဦးကြား အပြန်အလှန်တုံ့ပြန်မှုကို စောင့်မျှော်နေခဲ့ကြပါတယ်။

jungkook ရဲ့ တိ်တခိုး အကြည့်
jungkook ရဲ့ တိ်တခိုး အကြည့်

IU ရဲ့ ဖျော်ဖြေပွဲတစ်ခုမှာ ပရိသတ်တွေက BTS အဖွဲ့ဝင်တွေရဲ့ crush အကြောင်းကို သိတဲ့အတွက် Jungkook ရဲ့ နာမည်ကို IU ရှေ့မှာ အော်ခဲ့ကြပြီး ဗီဒီယိုထဲမှာ IU ကရယ်ရယ်မောမောနဲ့ ပြန်လည်တုံ့ပြန်ခဲ့တာကို မြင်တွေ့ရပါတယ်။ တစ်ကြိမ်မှာတော့ IUကသူ့ရဲ့ ဇာတိမြို့ဖြစ်တဲ့ ဘူဆန်သို့ အလည်အပတ်လာရောက်ဖို့ ပရိသတ်တွေကို ခေါ်သလိုလိုနဲ့ Jungkookကို သွယ်ဝိုက်ပြီး ခေါ်ခဲ့ပါသေးတယ်။

IU က သူ့ကို crushနေတဲ့ Jungkook အကြောင်းပြောလာတဲ့ ရုပ်သံ

သူမရဲ့ ပရိသတ်တွေက အဆိုတော်နာမည်ကို အော်ပြောလာတာ ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ 

IU နဲ့ Jungkook
IU နဲ့ Jungkook

ပွဲအခမ်းအနားတခုမှာ Jungkook က စကားပြောနေရင်း IU ကို ခိုးခိုးကြည့်နေတာကို ကင်မရာမှာ ဖမ်းမိခဲ့ပြီး၊ သူမကို အနုပညာရှင်တစ်ယောက်အနေနဲ့ တကယ်လေးစားကြောင်းနဲ့ သူမဟာ သူ့ရဲ့ crush ဖြစ်တယ်လို့ သူ့ကိုယ်တိုင် အတည်ပြုခဲ့ပါတယ်။

Photo-credit

သတင်း အရင်းအမြစ် Music Mundial

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T