သိပ်မကြာခင်က အင်တာဗျူးတစ်ခုမှာ ဘုဆတ်ဆတ် ၊ စိတ်မြန်လက်မြန် စကားပြောခပ်မြန်မြန် နဲ့ စိတ်မရှည်တဲ့ပုံစံတွေကြောင့် ပရိတ်သတ်ရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့တဲ့ သရက်ကင်သည်လေး ဂျမ်းတော ကို မှတ်မိကြမယ်ထင်ပါတယ်။

ပရိတ်သတ်တွေသိကြတဲ့အတိုင်း စိတ်မကောင်းစရာတစ်ခုက ဂျမ်းတောလေး ရဲ့ အင်တာဗျူးဗီဒီယို တက်လာပြီး နောက်တစ်နေ့မှာပဲ ဂျမ်းတောလေး ရဲ့ မိခင် ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။ အဲ့သလို ဆုံးပါးပြီးနောက်မှာ အားလုံးဝိုင်းဝန်းကာ ဂျမ်းတောလေးမိခင်နာရေးအတွက် ကူညီခဲ့ကြသလို စည်သူပလပ်ကျွတ်ကလည်း ဂျမ်းတောလေး မိခင်နာရေးအတွက် နာရေးကူငွေများ ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

ဒါတင်သာမက စည်သူပလတ်ကျွတ် ဟာ သရက်ကင်ရောင်းတဲ့ ဂျမ်းတောလေး နဲ့အတူ ထိုင်းနိုင်ငံမှာ ကြော်ငြာသွားရောက်ရိုက်ကူးတော့မယ်ဖြစ်တယ်လို့ သိရပါတယ်။ ယခုအခါမှာလည်း ဂျမ်းတောလေး အွန်လိုင်းမှတဆင့် ဈေးရောင်းနိုင်ရန် စည်သူပလပ်ကျွတ်က ကူညီဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ ကိုစည်သူပလပ်ကျွတ်လည်းဒီ့ထက်ပိုအောင်မြင်ပြီး ဂျမ်းတောလေးလည်း အစစအရာရာအဆင်ပြေချောမွေ့ပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။








