ပိုင်တံခွန်လို့ ပြောလိုက်တာနဲ့ အရပ်ရှည်ရှည် ၊ ခပ်ချောချော ရုပ်ဖြောင့်ဖြောင့် နဲ့ လူတိုင်းကြိုက်ရတဲ့ အသားအရည် နဲ့ ရုပ်ရည်ပိုင်ရှင် ၊ ချစ်စဖွယ်အပြုံးပိုင်ရှင် နဲ့ အနုပညာရှင်တစ်ဦး လို့ လူသိများကြပါတယ်။


ပိုင်တံခွန် ဟာ အနုပညာပိုင်းမှာထူးချွန်ရုံသာမက တိရစ္ဆာန်လေးတွေအပေါ် ဂရုစိုက်ကြင်နာတတ်မှုတွေကြောင့် ပရိတ်သတ်တွေ ရဲ့ အချစ်ကို တိုးကာရရှိထားတဲ့ အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။


ပိုင်တံခွန် ဟာ သူ့အိမ်မှာ တိရစ္ဆာန် မျိုးစုံနီးပါးကို အိမ်မွေးတိရစ္ဆာန်အဖြစ်မွေးထားတဲ့အတွက် သူ့ကို ပရိတ်သတ်တွေက တိရစ္ဆာန်ရုံပိုင်ရှင်ကြီးလို့တောင် နာမည်ပြောင်ပေးကာစနောက်နေကြတာဖြစ်ပါတယ်။ အဲ့သလိုစနောက်ခံနေရတဲ့ကြားကပဲ ပိုင်တံခွန် ဟာ ကမ္ဘာ့အသေးဆုံးဆိတ် ကို ထပ်မံမွေးစားလိုက်ပြီဖြစ်ပါတယ်။ ကမ္ဘာ့အသေးဆုံးဆိတ်ကလေးကို သူအရမ်းတွေသဘောကျနေကြောင်းကိုလည်း သူ့ရဲ့ Story တွေမှာတင်လာခဲ့တာဖြစ်လို့ ပရိတ်သတ်ကြီးကြည့်ရှုခံစားနိုင်စေရန် တင်ပြလိုက်ရပါတယ်။










