ငယ်ငယ်လေးကတည်းက တယုတယ မွေးခဲ့တဲ့ ခွေးလေး ဆုံးပါးသွားခဲ့လို့ ဝမ်းနည်းကြေကွဲကာ ရင်ဖွင့်လာတဲ့ ဝေလာရီ

//s9.kh1.co/b1/b1b911503b9e7e24e623f89d4fe77a253e074421.jpg
အနုပညာရှင်များ

 ၀၈-ဇွန်-၂၀၂၂ ၉pm · လွန်ခဲ့သော ၄ နှစ် က

.

အနုပညာလောကမှာ အောင်မြင်မှုတွေများစွာရရှိထားတဲ့ သရုပ်ဆောင်မင်းသမီးချောလေးကတော့ ဝေလာရီပဲ ဖြစ်ပါတယ်။ ဝေလာရီ ဟာ ရုပ်သံဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်ကောင်းဖြစ်သလို ချစ်စရာကောင်းသူလေးမို့ ပရိသတ်တွေအားလုံးရဲ့ ချစ်ခင်နေရသူလေးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကြော်ငြာတွေကိုလည်း ရိုက်ကူးနေရသလို Live Sale တွေလည်း မကြာခဏတွေ့နေရပါတယ်။

https://s9.kh1.co/__image/w=600,h=800,q=100/7c/7cd8c5a7903c7550dd7f2a2ede1b7dc8989e5a85.jpg
https://s9.kh1.co/__image/w=600,h=853,q=100/40/40848e266036cd13d97f7de370e384c6b343a11f.jpg
https://s9.kh1.co/__image/w=600,h=600,q=100/7f/7f41d7c967a33e34f9a50c6777489821cebf2ac6.jpg

ဆွဲဆောင်မှုရှိတဲ့ အပြုံးချိုချိုလေးတွေနဲ့ ပရိသတ်တွေကို ချစ်အားပိုစေတဲ့ ဝေလာရီ ဟာ ဝတ်စားဆင်ယဥ်မှုမှာလည်း မြန်မာဆန်ဆန် ဝတ်စုံလေးတွေကို ပိုပြီဝတ်ဆင်တတ်သူလေးပါ။ မကြာခဏ ဆိုသလို ချစ်စရာ ၊ ကြည်နူးစရာကောင်းတဲ့ လှုပ်ရှားမှုလေးတွေ ဖော်ပြပေးတဲ့ ဝေလာရီ က ယခုမှာ စိတ်မကောင်းစရာ အဖြစ်လေးကို ဖော်ပြလာတာ တွေ့ရပါတယ်။

https://s9.kh1.co/__image/w=600,h=660,q=100/4b/4b6e88ee48496ab994feeb816098ecb4e2fea682.jpg
https://s9.kh1.co/__image/w=600,h=637,q=100/f6/f6eebe97dc71613204b096c1a81503dad2b80132.jpg
https://s9.kh1.co/__image/w=600,h=800,q=100/2b/2bcde22c1e46df209e1cbe66adf5f8b19731566d.jpg

ဒါကတော့ သူမ တယုတယနဲ့ မွေးထားတဲ့ ခွေးကလေး ဘရန်ဒီဟာ ရုတ်တရက် ဆုံးပါးသွားခဲ့လို့ ဝမ်းနည်းပူဆွေးပြီး စိတ်မကောင်းစွာ ဖော်ပြလာတာပါ။ ခွေးလေး ဘရန်ဒီလေးကို ၄၅ ရက်သားထဲက လိုင်းပေါ်မှာတွေ့ပြီး မြင်မြင်ချင်း ချစ်လွန်းလို့ တကူးတက ပြေးဝယ်ကာ တယုတယ မွေးခဲ့တာလို့ သိရပါတယ်။ ယခုလို ဘရန်ဒီ လေး ဆုံးပါးသွားခဲ့လို့ ဝေလာရီဟာ ဝမ်းနည်းငိုကြွေးပြီး ရေးသားလာတဲ့ စာလေးကတော့ ဖတ်မိသူတိုင်း စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ဆုံးပါးသွားတဲ့ ခွေးလေးအတွက် ဝမ်းနည်းပူဆွေးနေတဲ့ ဝေလာရီကို ပရိသတ်တွေကလည်း အားပေးစကားလေးတွေ ပြောပေးခဲ့ပါဦးနော်....။

https://s9.kh1.co/__image/w=600,h=800,q=100/4f/4ffe5ff051a7782c17f171e8f48982c91606b5e1.jpg
https://s9.kh1.co/__image/w=600,h=1002,q=100/52/524645a7235f4ffb6142e2e56e78dfa5c1741cb7.jpg

သတင်း အရင်းအမြစ် Source - Wai Lar Ri

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T