MRTV-4 မင်းသမီးလေး မေမီကိုကိုကတော့ ဇာတ် လမ်းတွဲတွေ များစွာရိုက်ကူးထားပြီး ပရိသတ်တွေရဲ့ အသိအမှတ်ပြု အားပေးချစ်ခင်ရတဲ့ ပရိသတ်အချစ်တော်တစ်ယောက်ဘဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းသလို သရုပ်ဆောင်လည်းကောင်းတဲ့ မေမီလေးကတော့ ချစ်သူလေးနဲ့ အချစ်ရေးမှာလည်း အဆင်ပြေနေလို့ လူတိုင်းကအားကျနေရတဲ့ မင်းသမီးလေးဖြစ်ပါတယ်နော်။
မေမီရဲ့ ချစ်သူလေးက အမေရိကားမှာမို့ တစ်ယောက်နဲ့တစ်ယောက် ဝေးကွာနေကြတာကြောင့် နားလည်မှု ယုံကြည်မှုအပြည့်နဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ မေမီရဲ့ချစ်သူလေးကလည်း အရာရာကို လမ်းညွှန်ပြီး ပြောပြဆုံးမပေးတဲ့သူလည်း ဖြစ်ပါတယ်။
မေမီ့ကို အရမ်းချစ်တဲ့ ဒေါက်တာလေးက ဘာမှမပြင်ထားတဲ့ သူမရဲ့သဘာဝအလှတရားလေးကိုတောင် သဘောကျနေတာလည်းဖြစ်ပြီး မေမီကလည်း Video Call ပြောရင် သနပ်ခါးအထူကြီးလိမ်းပြီးပြောတာပဲဖြစ်ပါတယ်။
အတိုက်အခိုက်တွေများတဲ့ကြားကနေ အခုလို အချိန်ကြာ လက်တွဲနေနိုင်တဲ့ မေမီတို့ စုံတွဲလေးကတော့ တကယ်ကို အားကျစရာပါပဲနော်...
Source : Myanmarload TV