မင်းသမီးချောလေး ခင်ဝင့်ဝါကတော့ အနုပညာနယ်ပယ်မှာ အောင်မြင်မှုသရဖူးဆောင်းထားနိုင်တဲ့ အနုပညာရှင်တစ်ခုပဲ ဖြစ်ပါတယ်။ ခင်ဝင့်ဝါဟာ ရိုးရှင်းအေးချမ်းလှတဲ့ အပြုံးလေးကို ပိုင်ဆိုင်ထားသလို ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေကြောင့် ပရိသတ်တွေက ချစ်အားပိုနေရတာ ဖြစ်ပါတယ်။ သူမဟာ လတ်တလောမှာ အနုပညာအလုပ်တွေအပြင် လူမှုရေးအကျိုးပြု ပရဟိတအလုပ်လေးတွေကို အားဖြည့်ပါဝင်လုပ်ကိုင် နေတာ တွေ့ရပါတယ်။


ပရဟိတလုပ်ကိုင်ရင်းလည်း ဘယ်နေရာမဆို လူကိုယ်တိုင်ပါဝင်ပြီး စိတ်ရောကိုယ်ပါ လုပ်ကိုင်ပေးတာကြောင့် ချစ်ရတဲ့ သူတွေက သဘောကျကြည်နူးစေခဲ့ ရပါတယ်။ ပရိသတ်တွေ ချစ်ရတဲ့ ခင်ဝင့်ဝါက ယခုအခါမှာတော့ မြင်သူတိုင်း ချစ်အားပိုလောက်မယ့် ပုံရိပ်လေးတွေနဲ့ ရုပ်သံဖိုင်လေးတစ်ခုကို ဖော်ပြလာတာ တွေ့ရပါတယ်။ ဒီပုံရိပ်လေးတွေကတော့ ပုဂံဘုရားကို သွားရောက်ဖူးမြော်ရင်း ရိုက်ထားတဲ့ ပုံလေးတွေပဲ ဖြစ်ပါတယ်။



ပုံလေးတွေထဲမှာတော့ ခင်ဝင့်ဝါက သနပ်ခါးပါးကွက်ကြားလေးနဲ့ ရိုးရှင်းအေးချမ်းပြီး ဆွဲဆောင်မှုရှိနေတာ တွေ့ရပါတယ်။ ဒါ့အပြင် ရုပ်သံဖိုင်လေးထဲမှာလည်း ဒေသခံ ကလေးငယ်လေးတွေရဲ့ သနပ်ခါး ပါးကွက်ကြား ကွက်ပေးနေတာလေးကို ခံယူနေတဲ့ ဟန်ပန်လေးကလည်း မြင်ရသူတိုင်း ချစ်အားပိုနေတာကတော့ အမှန်ပါ။ ဒီလို တစ်မျိုးလေး ဆွဲဆောင်မှုရှိပြီး ချစ်စရာကောင်းနေတဲ့ ခင်ဝင့်ဝါရဲ့ ပုံရိပ်လေးတွေနဲ့ ရုပ်သံဖိုင်လေးကို ပြန်လည်ကြည့်လို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Source - Khin Wint Wah