ကမ္ဘာကျော် စုံတွဲ ၊ အချစ်တတ်ဆုံးစုံတွဲလို့တောင် နာမည်ကျော်ကြားခဲ့တဲ့ ဘာစီလိုနာ အသင်း ကစားသမား ဂျရတ်ပီကေး နဲ့ ကမ္ဘာကျော်အဆိုတော် ရှကီရာ တို့ ဟာ ပီကေးရဲ့ ဖောက်ပြန်မှုကြောင့် (၁၁)နှစ်တာလက်တွဲခဲ့တဲ့အချစ်ရေး ကို သိပ်မကြာခင်ရက်ပိုင်းအတွင်းကတင်ပဲ အဆုံးသတ်ခဲ့ပါတယ်။


ပီကေး ဟာ အမျိုးသမီးတစ်ယောက် နဲ့ ဖောက်ပြန်နေတာကို ရှကီရာကိုယ်တိုင်တွေ့မြင်ခဲ့တဲ့အတွက် ကွာရှင်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။ အဲ့သလို ကွာရှင်းအပြီးမှာလည်း ပီကေးရဲ့ အရှုပ်တော်ပုံတွေဟာ တစ်မဟုတ်ချင်းပေါ်လာတဲ့အထိကို ပီကေးဟာ ရှုပ်ပွေထားတာဖြစ်ပါတယ်။


ယမန်နေ့ ဇွန်လ(၇)ရက်နေ့က သူတို့နှစ်ဦးရဲ့သားဖြစ်သူ ဟာ ချက်နိုင်ငံ မှာ ဘေ့စ်ဘောပြိုင်ပွဲသွားရောက်ယှဥ်ပြိုင်ကစားရတာဖြစ်ပြီး သူတို့နှစ်ဦးစလုံးဟာ သားဖြစ်သူကို သီးခြား လိုက်အားပေးခဲ့ကြပါတယ်။ ဒါဟာ ကွာရှင်းအပြီးမှာ ပထမဦးဆုံးပြန်လည်ဆုံတွေ့မှုဖြစ်တယ်လို့ သိရပြီး ရှကီရာ က ကျော့ကော့လှပနေကာ ပီကေး က ရုပ်အနည်းငယ်ကျနေတာကြောင့်ဝေဖန်မှုများမြင့်တက်နေကြပါတယ်။













 Bong I.T
 Bong I.T