ဒုတိယကမ္ဘာစစ်အတွင်းက နာဇီဂျာမနီတွေ နဲ့ ဆိုဗီယက်တို့ စစ်ဖြစ်ခဲ့ကြတဲ့ အချိန်မှာ နာဇီတွေကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ချေမှုန်းခဲ့တဲ့ အမျိုးသမီး အဖွဲ့ တစ်ဖွဲ့ ရှိခဲ့ပါတယ်။
ဒီအမျိုးသမီး အဖွဲ့ ဟာ ဆိုဗီယက်ခေါင်းဆောင် စတာလင်ရဲ့ အမိန့်နဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပြီး အဖွဲ့ ရဲ့ နာမည်ကိုတော့ ညဉ့်စုန်းမများ ( Night Witches )လို့ အမည်ပေးခဲ့ကြပါတယ်။ ဒီအဖွဲ့ရဲ့ ပဲ့ကိုင်ရှင်ကတော့ Raskova ဖြစ်ပြီး သူ့ရဲ့ ကြိုးစားပမ်းစား ဆောင်ရွက်မှုကြောင့် Night Witches ဟာ ထူးချွန်ပြောင်မြောက်တဲ့ အမျိုးသမီး အဖွဲ့တစ်ဖွဲ့ ဖြစ်လာခဲ့ပါတယ်။
ဒီအဖွဲ့မှာပါဝင်တဲ့ လေသူရဲ ဗိုလ် အမျိုးသမီးတွေအားလုံးဟာ ပျမ်းမျှ အသက် ၁၇ နှစ်ကနေ အသက် ၂၆နှစ်အတွင်း ရှိတဲ့ သူတွေချည်းပဲ ဖြစ်ပါတယ်။ သူတို့ဟာ စစ်အတွင်းမှာအကြိမ်ပေါင်းများစွာ ပျံသန်းခဲ့ကြပြီး ရန်သူ့ရဲ့ နယ်မြေ အတွင်းမှာ ဗုံးတွေကို ပစ်ချနိုင်ခဲ့ပါတယ်။သူတို့ရဲ့ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်မှုဟာ နာဇီဂျာမနီတွေကို အထိနာစေခဲ့ပြီး ဒီအမျိုးသမီးတွေရဲ့ လေယာဉ်တစ်စင်းကို ပစ်ချနိုင်ရင် Iron Cross (ဂျာမန်တွေရဲ့ အထွဋ်အထိပ် ဆုတံဆိပ်) လို့ခေါ်တဲ့ ဆုတံဆိပ် ချီးမြင့်ခံရတဲ့အထိတောင် ဖြစ်ခဲ့ရပါတယ်။
သူတို့ဟာကိုယ်နဲ့မတော်တဲ့ အင်္ကျီတွေကိုဝတ်ဆင်ကာ ဆံပင်ကိုလည်းတိုတိုထားပြီး ယောကျာ်းတွေနဲ့ တန်းတူ ရင်ဘောင်တန်းကာ ရန်သူတွေကို တိုက်ခိုက်ခဲ့ကြသူတွေပဲ ဖြစ်ပါတယ်။
အထောက်အပံ့ကောင်းကောင်းလည်းမရတဲ့အတွက် လေယာဥ်အစုတ်လေးတွေနဲ့သာ တိုက်ပွဲဝင်ခဲ့ကြရသူတွေဆိုပေမယ့် မိမိရဲ့ အသက်ကိုပင် ပဓာန မထားပဲ တိုက်ပွဲ မှာ ရွပ်ရွပ်ချွံချွံတိုက်ခဲ့တဲ့ သူတို့ရဲ့ စိတ်ဓာက်ကတော့ လေးစားဖွယ်ကောင်းလှပါတယ်။ဒါ့တွေကြောင့်လည်း စစ်ကြီး အပြီးမှာတော့ တိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ အယောက် ၃၀ အပါအဝင် အသက်ရှင်ကျန်ရစ်သူ အမျိုးသမီး ၂၃ ယောက်ဟာ ဆိုဗီယက်နိုင်ငံရဲ့ ဂုဏ်ထူးဆောင် ဆုတံဆိပ်ကို ချီးမြှင့်ခံခဲ့ရပါတယ်လို့ သိရပါတယ်။
သတင်း အရင်းအမြစ်៖ Wikipedia