လူတွေရဲ့ကိုယ်ရည်ကိုယ်သွေးစစ်ဆေးတဲ့စနစ်တစ်ခုကို MBTI Test လို့ခေါ်ပါတယ်။ ဒီစစ်ဆေးမှုကနေ သင့်ရဲ့ကိုယ်ရည်ကိုယ်သွေးနှင့် အကျင့်စရိုက်တွေကိုသိနိုင်တဲ့အပြင် သင်နှင့်ကိုက်ညီတဲ့အလုပ်အကိုင်တွေ သင့်ရဲ့စိတ်ထားတွေကိုပါ အနည်းအကျဥ်းသိရှိနိုင်ပါတယ်။ ဒီစစ်ဆေးမှုကနေတစ်ဆင့် Introvert ဆိုတဲ့ကိုယ်ရည်ကိုယ်သွေးကိုပိုင်ဆိုင်ထားတဲ့လူတွေအကြောင်းကိုဖော်ပြသွားပါမယ်။

Introvert ဆိုတာကတော့ အပြင်ပိုင်းပျော်ရွှင်မှုတွေထက် အတွင်းပိုင်းပျော်ရွှင်မှုတွေကိုပိုသဘောကျကြတဲ့ ကိုယ်ရည်ကိုယ်သွေးအမျိူးအစားဖြစ်ပါတယ်။ တစ်ကယ်လို့ သင်ဟာလူအုပ်တွေကြားထဲ ပါတီပွဲတွေလိုမျိူးနေရာတွေမှာနေတဲ့အချိန် စိတ်ပင်ပန်းတာ စွမ်းအားတွေကျဆင်းလာသလိုခံစားနေရတယ်ဆို Introvert အမျိူးအစားဖြစ်နိုင်ပါတယ်။ ဒီအမျိူးအစားလူတွေဟာ တစ်ယောက်တည်းနေရတာကိုပိုသဘောကျတတ်ကြပြီး အပြင်လူတွေကိုမလိုအပ်ဘဲ သူတို့ဘာသာအေးဆေးပျော်နိုင်တဲ့သူတွေဖြစ်ပါတယ်။

တစ်ခြားသူတွေရဲ့အထင်အမြင်နှင့် ဝေဖန်မှုတွေကိုသိပ်ပြီးဂရုမစိုက်တတ်ကြပါဘူး။ အထီးကျန်တာ တစ်ယောက်ထဲဖြစ်နေတာမျိုးကို ကြောက်ရွှံ့တာမရှိဘဲ သူတို့ကိုယ်တိုင်တစ်ယောက်ထဲလည်းအဆင်ပြေတယ်ဆိုတဲ့ လူတွေဖြစ်ပါတယ်။ ပြီးတော့သူတို့ဟာ ကိုယ်တိုင်လေ့လာရတာတွေ စိတ်ကူးရတာတွေမှာ ထက်မြက်ကြပြီးတော့ ကိုယ့်ကိုယ်ကိုယ်သေချာသိတဲ့လူမျိူးတွေဖြစ်ပါတယ်။ ဒါကြောင့် စူးစမ်းလေ့လာပြီး အာရုံစိုက်ရတဲ့အလုပ်တွေမှာထက်မြက်ကြပါတယ်။