ထူးခြားတဲ့အသွင်အပြင်နှင့် နာမည်ကြီးတဲ့ ကိုမွန်ဒေါခွေးလေးများ

//s9.kh1.co/30/30688f6227ef0f62096c43dfcba04478cf6124d1.jpg
ဗဟုသုတအဖြာဖြာ

 ၀၂-လိုင်-၂၀၂၄ ၁pm · လွန်ခဲ့သော ၂ လ က

ထူးခြားတဲ့အသွင်အပြင်နှင့် နာမည်ကြီးတဲ့ ကိုမွန်ဒေါခွေးလေးများ

ကုတ်အင်္ကျီဝတ်ထားသလိုမျိုး ကိုယ်ထည်နှင့် ချစ်ဖို့ကောင်းတဲ့ကိုမွန်ဒေါခွေးလေးတွေဟာ ခွေးမျိုးစိတ်တွေထဲမှာနာမည်ကြီးတဲ့သူတွေဖြစ်ပါတယ်။ သူတို့ဟာ ထူထဲပြီးတော့ ရှည်လျားတဲ့အမွှေးတွေရှိနေတဲ့အမွှေးတွေကိုပိုင်ဆိုင်ထားပြီးတော့ ရှေးခေတ်ဟန်ဂေရီသိုးထိန်းခွေးတွေဖြစ်ကြပါတယ်။ သူတို့ဟာကြောက်ရွံ့တာသိပ်မရှိဘဲ ရဲရင့်ကြတဲ့ခွေးလေးတွေပါ။

https://s9.kh1.co/__image/w=564,h=846,q=100/2f/2fe68f9e6c278ae3456c3e43d94b71a4f316c124.jpg

သိုးထိန်းခွေးဖြစ်တာကြောင့် သစ္စာရှိခြင်းနှင့်ပတ်သက်ပြီးလည်းနာမည်ကြီးကြပါတယ်။ သူတို့ရဲ့အမွှေးရှည်တွေဟာပိုပိုပြီးရှည်လျားရှုပ်ထွေးလာတတ်တာကြောင့် ပိုင်ရှင်တွေအနေနှင့် အမွှေးတွေမရှုပ်သွားအောင်ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ ဒီအမွှေးတွေဟာသူတို့ကိုသိုးအုပ်တွေထဲရောနှောစေပြီး တစ်ဖက်ရန်သူကိုတိုက်ခိုက်ဖို့ပိုပြီးလွယ်ကူစေတာကြောင့် ကိုမွန်ဒေါခွေးတွေဟာ သိုးထိန်းခွေးတွေကြားမှာအတော်လေးနာမည်ကြီးခဲ့ပါတယ်။

https://s9.kh1.co/__image/w=563,h=704,q=100/06/062d846a36e6e355ad6706bf8fe37875b40dd686.jpg

ဒါ့အပြင် သူတို့ဟာသင်ယူမှုမြန်ဆန်ပြီးတော့ ဉာဏ်ကောင်းကြတဲ့ခွေးအမျိုးအစားဖြစ်ပါတယ်။ စနစ်တကျသင်ပေးနိုင်တယ်ဆိုရင် အတော်များများလုပ်နိုင်စွမ်းရှိပေမဲ့ ခေါင်းမာပြီးတော့ ကလန်ကဆန်လုပ်တတ်ကြတဲ့ဗီဇလည်းရှိပါတယ်။ ကိုမွန်ဒေါတွေကို အိမ်မွေးတိရိစ္ဆာန်တွေအဖြစ်မွေးမြူဖို့တော့ အကြံမပြုကြပါဘူး။ အကြောင်းကသူတို့ဟာလှုပ်ရှားရတာကိုသဘောကျကြတာကြောင့် လူနေအိမ်အတွင်းမှာမနေနိုင်တဲ့အပြင် ထိန်းသိမ်းရခက်ခဲတတ်တာကြောင့်ဖြစ်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T