ပုရွက်ဆိတ်တွေကိုတုပတဲ့ Myrmarachne formicaria ပင့်ကူများ

//s9.kh1.co/6c/6c5ba6864f77dcc88aad550e225432e2132864b9.jpg
ဗဟုသုတအဖြာဖြာ

 ၂၃-လိုင်-၂၀၂၄ ၃pm · လွန်ခဲ့သော ၂ လ က

ပုရွက်ဆိတ်တွေကိုတုပတဲ့ Myrmarachne formicaria ပင့်ကူများ

တိရိစ္ဆာန်လောကမှာ ပုံတူကူးခြင်းဆိုတာမကြာခဏတွေ့ရလေ့ရှိတဲ့အရာဖြစ်ပါတယ်။ အကောင်တွေဟာသူတို့ကိုယ်သူတို့ကာကွယ်ဖို့နှင့် သားကောင်တွေကိုဆွဲဆောင်ဖို့အတွက် တစ်ခြားအကောင်တွေလိုမျိုးဟန်ဆောင်တာလုပ်ကြလေ့ရှိပါတယ်။ ဒါပေမဲ့ Myrmarachne formicaria တွေကတော့ တစ်ကယ့်ကိုအတူဆုံးနှင့် အပြောင်မြောက်ဆုံးကူးချမှုလုပ်နိုင်တဲ့ပင့်ကူမျိုးစိတ်ပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=560,h=420,q=100/fd/fd82b7edba095a204f0e7d2bce98b56d8c711a73.jpg

ဒီပင့်ကူတွေဟာ ရုတ်တရက်ကြည့်လိုက်ရင် ပုရွက်ဆိတ်တစ်ကောင်လို့ပဲထင်ရမှာဖြစ်ပါတယ်။ အနက်ရောင်ကိုယ်ထည်ကလည်း ဒီပင့်ကူကိုပုရွက်ဆိတ်တစ်ကောင်လိုမျိုးပုံစံဖြစ်အောင်ပိုပြီးကူညီပေးနေတာဖြစ်ပါတယ်။ ဒီလိုအသွင်ပြောင်းခြင်းဟာ သူတို့အတွက်ရန်သူတွေရဲ့ရန်ကနေကာကွယ်ပေးသလို သူတို့လိုချင်တဲ့သားကောင်တွေကိုလည်းအလွယ်တကူဖမ်းဆီးနိုင်မှာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=424,q=100/b3/b3c6e471c738690e225c14e62a8fe2a6007a7353.jpg

Myrmarachne formicaria ပင့်ကူတွေအပြင် တစ်ခြားပင့်ကူမျိုးစိတ်တွေမှာလည်း အခုလိုမျိုး အသွင်ပြောင်းနိုင်တာတွေရှိပါတယ်။ ၂၀၁၉ မှာဆိုရင် Myrmarachne formicaria ပင့်ကူတွေကို ဂျာမနီနိုင်ငံကနေပြီး Spider of the Year ဆိုပြီးသတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T