မတော်တဆမှုတစ်ခုကြောင့် သေကံမရောက်ပဲ လူတစ်ယောက်လို လမ်းလျှောက်တက်သွားတဲ့ ခွေးလေး Dexter ရဲ့ Video

//s9.kh1.co/c6/c64b4fd30beca364438ba074210e940f75e4a259.jpg
ဗဟုသုတအဖြာဖြာ

 ၁၅-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

တိရစ္ဆာန်တော်တော်များများဟာ လူတွေလိုလမ်းမလျှောက်တက်ကြပါဘူး။ လူလိုလမ်းလျှောက်တဲ့သတ္တဝါဆိုတာကလည်း လက်ချိုးရေလိုရပါတယ်။ ဒါပေမယ့် ခွေးတစ်ကောင်ကတော့ လူတွေလိုလမ်းလျှောက်ပြီး နာမည်ကြီးနေပါတယ်။ ခွေးရဲ့နာမည်ကတော့ Dexter ပဲဖြစ်ပါတယ်။ လူတွေဟာလည်း သူ့ကို အံ့ဩဖွယ်ကောင်းတဲ့ ခွေးတစ်ကောင်လို့ သတ်မှတ်ထားကြပါတယ်။ သခင်ဖြစ်သူ Pasek ကတော့ "မြို့ထဲက‌လူတိုင်း သူ့ကိုသိကြပါတယ်၊ ကျွန်မကတော့ သူတို့ထက်ပိုသိပါတယ် " ဆိုပြီး ပြောပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/3a/3af77d9707c3bb37d222c7b064d97d6ae97e7af0.jpeg
https://s9.kh1.co/__image/w=650,h=366,q=100/de/de8cb6788d54c0a3119ab1ae8bba2e2b10fbb619.jpg

Dexter ကို ယခုအ‌ချိန်မှာတော့ တစ်ကမ္ဘာလုံးသိရှိကြပါတယ်။ Instagram မှာ Follower ၆သောင်းကျော်ရှိပြီး TikTok မှာတော့ Viewer ၂သိန်း၁သောင်း၅ထောင်ရှိပါတယ်။ Pasek ကလည်း နေ့တိုင်းဆိုသလို သူ့ခွေးရဲ့ Video တွေ တင်လေ့ရှိပါတယ်။ တစ်ရက် Dexter လမ်းလျှောက်နေတုန်း ကျောင်းသားတစ်ယောက်က ဘာလို့ အဲ့လိုလမ်းလျှောက်ရလဲဆိုပြီး သခင်ဖြစ်သူကိုမေးခဲ့ပါတယ်။ " ဘာကြောင့်လဲဆိုတော့ သူ့မှာ အလုပ်ကောင်းကောင်းလုပ်တဲ့ ခြေနှစ်ချောင်းပဲရှိတော့လို့ပါ၊ အဲ့လိုဖြစ်ရတာဟာ မတော်တဆမှုတစ်ခုကစတာပါ " လို့ Pasek က အဲ့ကောင်လေးကို ပြောပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=868,q=100/5c/5c28b40e181e2a7c7bffd6af88e6ad3c20cf2d72.jpeg
https://s9.kh1.co/__image/w=650,h=350,q=100/23/231868643bb65c7599e96da4585e720c2d0cbd85.png

၂၀၁၆ တုန်းက Dexter ကို သူတို့မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့အချိန်မှာ Dexter ဟာ အိမ်ကနေထွက်‌သွားခဲ့ပြီး အနီးရှိပန်ခြံထဲမှာ သမင်တွေကို အနံခံနေခဲ့ပါတယ်။ အဲ့လို အနံခံရာနောက်သွားနေရင်း ကားတစ်စီးဟာ သူ့ရှေ့ခြေထောက်ပေါ်ကနေ ဖြတ်သွားခဲ့ပါတယ်။ Pasek က " ကျွန်မတို့က သူ့ကိုအသက်မရှင်နိုင်တော့ဘူးလို့တောင် ထင်ခဲ့ကြတာပါ " ‌လို့ပြောခဲ့ပါတယ်။ ဒီမိသားစုအနေနဲ့လည်း နှစ်နှစ်နဲ့တင် ခွေးနှစ်ကောင်ကို ဆုံးရှုံးထားရပါတယ်။ ခုတော့ Dexter ဟာ မတော်တဆမှုကြောင့် ရှေ့ခြေထောင်ကိုဆုံးရှုံးခဲ့ရပေမယ့် သေကံမရောက်ခဲ့ပဲ လူလိုလမ်းလျှောက်တက်လို့ နာမည်တောင်ကြီးလာခဲ့ပြီဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=1156,q=100/64/648c17317e5cea9da65c874bff415923bf787148.jpeg
https://s9.kh1.co/__image/w=650,h=507,q=100/9f/9f3acd4c366be7334a6be90a71e59143a150dd8e.jpg

သတင်း အရင်းအမြစ်9news

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T