ထိုင်းမင်းသမီးချောလေး Mew Nittha ကတော့ "My Husband In Law" ထိုင်းဇာတ်လမ်းတွဲနဲ့ မြန်မာနိုင်ငံက ပရိသတ်တွေရဲ့အားပေးမှုကိုပါ တစ်ခဲနက်ရရှိခဲ့သူလေး ဖြစ်ပါတယ် ။ အခုဆိုရင် Mew က ရင်သွေးလေးမွေးဖွားပြီးပြီဖြစ်လို့ ကလေးတစ်ယောက်မေမေဘဝကို ရောက်ရှိနေပြီ ဖြစ်ပါတယ် ။ Mew က သူမရဲ့ပထမဆုံးရင်သွေးလေးဖြစ်တဲ့ သမီးဦးလေးကို ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၂)ရက်နေ့မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Mew Nittha's IG Acc
Photo Credit-Mew Nittha's IG Acc
Photo Credit-Mew Nittha's IG Acc

Mew ရဲ့ရင်သွေးလေးက ပါးဖောင်းဖောင်းလေးနဲ့ အင်မတန်ချစ်ဖို့ကောင်းတာကြောင့် ပရိသတ်တွေကပါ အချစ်ပိုနေရတာ ဖြစ်ပါတယ် ။ မနေ့ကတော့ Mew က သမီးလေး Marin ကို မွေးဖွားခဲ့တဲ့ မှတ်တမ််းဗီဒီယိုဖိုင်လေးကို IG မှာ တင်ပေးခဲ့တာ ဖြစ်ပါတယ် ။သမီးလေးကိုယ်ဝန်စရှိတဲ့အချိန်ကနေ မွေးဖွားလာတဲ့အချိန်အထိ Mew ရဲ့ခင်ပွန်းက ဘေးကနေ အသေးစိတ်မှတ်တမ်းတင်ပြီး ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ် ။

Photo Credit-Mew Nittha's IG Acc
Photo Credit-Mew Nittha's IG Acc
Photo Credit-Mew Nittha's IG Acc
Photo Credit-Mew Nittha's IG Acc

မိခင်ဝမ်းဗိုက်ထဲက ကျန်းကျန်းမာမာနဲ့ လူ့လောကထဲကို ရောက်ရှိလာတဲ့ သမီးလေးကိုကြည့်ပြီး Mew တို့ဇနီးမောင်နှံနှစ်ယောက်လုံးက အရမ်းကိုပီတိဖြစ်ခဲ့ရတာ ဖြစ်ပါတယ် ။ Mew ရဲ့ခင်ပွန်းကလည်း သမီးလေးကိုယ်ဝန်ရှိစဥ်ကတည်းက သည်းသည်းလှုပ်ချစ်ခဲ့သလို မွေးပြီးတဲ့အချိန်မှာလည်း သမီးလေးကို လက်ကမချအောင်ကို ချစ်နေတာ တွေ့ရပါတယ်။ မိသားစုဝင်အသစ်ဖြစ်တဲ့ သမီးဦးလေးကို ကြိုဆိုခဲ့ကြတဲ့ Mew Nittha တို့မိသားစုရဲ့ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Video Credit-Mew Nittha's IG Acc

Photo Credit-Mew Nittha's IG Acc
Photo Credit-Mew Nittha's IG Acc
Photo Credit-Mew Nittha's IG Acc
Photo Credit-Mew Nittha's IG Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။