Aisa မှာ အအောင်မြင်ဆုံး ရုပ်ရှင်မင်းသားတွေကို သင်သိပါသလား။ မသိဘူးဆိုရင်လည်း စိတ်မပူပါနဲ့၊ ခုဖော်ပြမယ့်အကြောင်းကတော့ Asia မှာ သူတို့ရရှိတဲ့ဆုတွေနဲ့ နာမည်ကျော်ကြားမှုတွေကို မူတည်ပြီး အအောင်မြင်ဆုံး ရုပ်ရှင်မင်းသားတွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။ Asia ရုပ်ရှင်လောကမှာ Bollywood မင်းသားတွေပဲ အုပ်ချုပ်ထားသလားတောင် ထင်မှတ်သွားစေနိုင်ပါတယ်။
1. Akshay Kumar

Asia ရဲ့ ထိပ်တန်း မင်းသားတွေမှာ Akshay Kumar ကတော့ အမြဲထိပ်ဆုံးပါပဲ။ သူရဲ့ ကြီးကျယ်ခမ်းနားတဲ့ သရုပ်ဆောင်မှုတွေကြောင့် လူသိများပါတယ်။ Saugandh (၁၉၉၁) မှာ သူဟာ အဓိကမင်းသားနေရာကနေ ပထမဆုံး စတင်ပွဲထွက်လာတဲ့အခါမှာ နာမည်ကျော်ကြားခဲ့ပါတယ်။
2. Shahrukh Khan

Shahrukh Khan ဟာလည်း အာရှမှာ အအောင်မြင်ဆုံး မင်းသားတစ်ယောက်ဖြစ်ပါတယ်။ 1980 လောက်က စီးရီးတွေမှာ စတင်သရုပ်ဆောင်ခဲ့ပြီး Deewana (1992) ကားနဲ့သူဟာ စတင်နာမည်ကြီးလာခဲ့ပါတယ်။
3. Ken Watanabe

Ken Watanabe ဟာ Asia မှာ ကျော်ကြားတဲ့သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ သူဟာ ၁၉၈၄ ခုနှစ်တွင်သူရဲ့ ပထမဆုံးရုပ်ရှင် MacArthur's Children နှင့် အတူသရုပ်ဆောင်အလုပ်ကိုစတင်ခဲ့သည်။
4. Steven Yeun

Steven Yeun ဟာ သူရဲ့နာမည်နဲ့တင် ဒီစာရင်းထဲမှာ ပါ၀င်သင့်တဲ့သူ ဖြစ်ပါတယ်။ သူ့ကို ၁၉၈၃ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် မွေးဖွားခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် သရုပ်ဆောင်ဘ၀ကို " My Name Is Jerry " ဆိုတဲ့ကားနဲ့ စတင်ခဲ့ပါတယ်။
5. Salman Khan

Salman Khan ကို Indore တွင် ၁၉၆၅ ခုနှစ်ဒီဇင်ဘာလ ၂၇ ရက်နေ့တုန်းက မွေးဖွားခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်တုန်းက Biwi Ho Toh Aisi ဆိုတဲ့ကားနဲ့အတူ သူဟာ စတင်သရုပ်ဆောင်ခဲ့ပါတယ်။ အဓိကမင်းသားသရုပ်ဆောင်နေရာကိုတော့ ၁၉၈၉ ခုနှစ်က Maine Pyar Kiya ကားမှာ စတင်သရုပ်ဆောင်နိုင်ခဲ့ပါတယ်။
6. Mohanlal

Mohanlal ကတော့ Rajavinte Makan (1986) ကားထဲက သူရဲ့ သရုပ်ဆောင်ကောင်းမှုေကြာင့် နာမည်ကျော်ကြားလာခဲ့ပါတယ်။ Asia မှာ အချမ်းသားဆုံးမင်းသာတေွထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။ သရုပ်ဆောင်ကြေးအများဆုံးပေးရတဲ့ မင်းသားတွေထဲမှာလည်း သူဟာပါ၀င်ပါသေးတယ်။
7. Aamir Khan

Aamir Khan ကို ၁၉၆၅ ခုနှစ် India နိုင်ငံ Mumbai မြို့မှာ မွေးဖွားခဲ့ပါတယ်။ သူ့အသက်ကတော့ ၅၆ နှစ်ရှိနေပြီဖြစ်ပါတယ်။ Qayamat Se Qayamat Tak (1988) ကားနဲ့အတူ သူဟာ လူတွေရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရပါတယ်။
8. Hrithik Roshan

Hrithik Roshan သည် ၁၉၇၄ ခုနှစ်ဇန်နဝါရီလ ၁၀ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ ဘောလီးဝုဒ်မင်းသားဖြစ်ပါတယ်။ Kaho Naa… Pyaar Hai (2000) ကားနဲ့အတူ ရုပ်ရှင်လောကကို စတင်ခဲ့ပြီး အဲ့ကားနဲ့ပဲသူဟာ နာမည်ကြီးလာခဲ့ပါတယ်။
9. Jackie Chan

Jeckie Chan ကတော့ ခုချိန်မှာ အသက် ၆၇ နှစ်ရှိပြီဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်တွင် Big and Little Wong Tin Bar ရုပ်ရှင်နဲ့သူဟာ ပထမဆုံး စတင်သရုပ်ဆောင်ခဲ့ပါတယ်။ Rumble in the Bronx (1995) နဲ့ Rush Hour (1998) ကားတွေနဲ့အတူ ဂျန်ကီချမ်းဟာ ပိုမိုအောင်မြင်လာခဲ့ပါတယ်။
10. Irrfan Khan

Irrfan Khan ကို ၁၉၆၇ ခုနှစ်ဇန်နဝါရီ ၇ ရက်တွင် Rajasthan၊ Jaipur မှာ မွေးဖွားခဲ့ပါတယ်။ ၁၉၈၈တုန်းက Salaam Bombay! ဆိုတဲ့ကားနဲ့အတူ ရုပ်ရှင်လောကထဲ စတင်၀င်ရောက်ခဲ့ပါတယ်။ Gunday (2014), Thank You (2011) နဲ့ New York (2009) တို့ကားတွေရဲ့ အောင်မြင်မှု တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် သူဟာခုချိန်မှာတော့ သေဆုံးခဲ့ပြီဖြစ်ပါတယ်။ လူသေပေမယ့်လည်း နာမည်တော့ မသေသေးပါဘူး။
သတင်း အရင်းအမြစ်៖ Learn Publish